ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်း နိုင်ငံ ခရီးစဉ်

Thursday, May 30, 2013

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ချစ်ကြည်ရေး အလည်အပတ် ခရီး အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေပါတယ်။ 

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်း ဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုနေစဉ်၊ ဓာတ်ပုံ- မြန်မာသတင်းစဉ်

ထိုင်း-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာဖို့နဲ့ ထိုင်း-မြန်မာနယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ကာကွယ်ရေး တာဝန်ရှိသူတွေ၊ ထိုင်းဘုရင့် အတိုင်ပင်ခံ 
ကောင်စီ အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ယမန်နေ့ မနက်ပိုင်းက ထိုင်း ဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ 

ဒီအပြင် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တော်ဝင်ဘွဲ့ အဆောင်အယောင် စလွယ်နဲ့ တံဆိပ်တွေ တပ်ဆင်ပေးပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ 

မွန်းလွဲပိုင်းမှာတော့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ General Prem Tinsulanonda ကို ၄င်းရဲ့
နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ 

ဒီနောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့ကို ညစာနဲ့တည်ခင်းဧည့်ခံပြီး ထိုင်း ရိုးရာ အကတွေနဲ့လည်း ဖျော်ဖြေခဲ့ကြတယ်လို့ ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြပါတယ်။ 

ဒါပေမယ့် ၂ နိုင်ငံ တပ်မတော်အကြီးအကဲတွေရဲ့ ဆွေးနွေးမှု အသေးစိပ်ကိုတော့ ဖော်ပြထားတာ မတွေ့ ရပါဘူး။

1 comments :

  1. Unknown said... :

    ဦးမင်းအောင်လှိုင်လည်းတစ်စုံတစ်ယောက်အတွက်စစ်ဗိုလ်ချူပ်ဘဝကနေ
    ပြည်သူတို့အတွက်စစ်ဗိုလ်ချုပ်အဖြစ်သို့အမြန်ရောက်နိုင်ပါစေလို့ဆုတောင်း
    ပေးနေပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved