မူးယစ် ပူးပေါင်းနှိမ်နင်းရေး မဲခေါင်စီမံချက် လူ တထောင်ကျော် ဖမ်းဆီး

Thursday, May 30, 2013

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း ရဲတွေ မဲခေါင်မြစ်တကြော မူးယစ်နှိမ်နင်းရေး စီမံချက်ကြီးကို ဧပြီလက စတင်ပြီး ပူးပေါင်း ဆောင်ရွက်နေရာမှာ  မူးယစ်အမှုပေါင်း ၈၀၄ မှုနဲ့ သံသယရှိသူ ၁,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ 

မဲခေါင်မြစ်၊ ဓာတ်ပုံ mekongcruisetrip.com

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာက ဗုဒ္ဓဟူးနေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး မူယစ်ဆေး အမျိုးစုံ ၃ တန်နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒါဟာ မူးယစ်ဆေးနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ရာဇ၀တ်မှု ကျူးလွန်မှုတွေလည်း မဲခေါင်မြစ် တလျှောက် ထိထိရောက်ရောက် ထိန်းသိမ်းတာဖြစ်တယ် လို့ ဆင်ဝှာသတင်းတပုဒ်က ဆိုပါတယ်။ 

ပူးပေါင်း စီမံချက်မှာ အကြီးဆုံး ဖမ်းဆီးရမိလိုက်တာကတော့ မြန်မာ- တရုတ် ရဲတွေက မေလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံ ကနေ တရားမ၀င် မက်သာဖက်တမင်း စိတ်ကြွဆေးတွေ တရုတ်ပြည်ကို ပို့နေတဲ့ မြန်မာအုပ်စုတစုကို ဖော်ထုတ် စီးနင်း လိုက်တာဖြစ်တယ်၊ ၃ လတာ ပူးပေါင်းဆောင်ရွက်မှုအတွင်း အရေအတွက်အများဆုံး ဖမ်းမိတာလည်း ဖြစ်တယ်လို့ ဆိုတယ်။ 

အဲဒီဖမ်းဆီးမှုမှာ မက်သာဖက်တမင်း စိတ်ကြွဆေး ကီလို ၂၀ နဲ့အတူ လူ ၃ ဦး၊ ပစ္စတို တလက်၊ မော်တော် ယာဉ် ၂ စီး တို့ ကို ဖမ်းဆီးနိုင်လိုက်ပါတယ်လို့ ကြေညာချက် က ဆိုပါတယ်။ 

တရုတ်နိုင်ငံ ဟူနန်နဲ့ ယူနန်အနောက်တောင်ပိုင်းက ရဲတွေက မေလ ၁၂ ရက်နေ့မှာ အဓိကကျတဲ့ မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းကြီးတခုကို စီးနင်းနိုင်ခဲ့ပြီး လူပေါင်း ၃၅ ဦး ကိုဖမ်းဆီးခဲ့ပါတယ်။ 

မူးယစ်တိုက်ဖျက်ရေး ပူးပေါင်းမှု စီမံချက် ဗဟိုဌာနချုပ် ရဲ့ ကွပ်ကဲမှုနဲ့ အဲဒီဖမ်းဆီးမှုမှာ စုစုပေါင်း မူးယစ်ဆေး ၁၂ ကီလိုဂရမ် ဖမ်းဆီးရမိလိုက်တယ်လို့ ဆင်ဝှာသတင်းက ဆိုတယ်။ 

မဲခေါင်မြစ်ကို ကယ်တင်ပါ ( Safe River) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပူးပေါင်း ရဲအဖွဲ့ရဲ့ မူးယစ်နှိမ်နင်းရေး ကင်ပိန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က စပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာစတင် ကြေညာခဲ့တာပါ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved