
အထူးသဖြင့် ဧရာဝတီမြစ်အနီး အမရပူရမြို့ ရွှေကြက်ယက် ကျေးရွာ တွင်ကျင်းပသော ကဆုန်ညောင်ညောင်ရေသွန်းပွဲမှာ ရှေးမူမပျက် ရာဇာဝင်း ဒေဝါဝင်းများ ခင်းကာ ကျင်းပသောကြောင့် အလွန်ထင်ရှားသော ပွဲတပွဲ ဖြစ်သည်။

သို့သော် မိသားစုလိုက် နွားလှည်းနှင့် လာရောက်မှု တဖြည်းဖြည်း နည်းပါးလာသည်။
နွားလှည်းနေရာတွင် အစားထိုးလာသည့်အရာမှာ ထော်လာဂျီများ၊ ထရပ်ကားငယ်များ ဖြစ်သည်။

မန္တလေးမြို့ပေါ် မဟာမြိုင်ရပ်ကွက် ဗောဓိကုန်းရပ်ရှိ
ညောင်ရေသွန်းပွဲသည်လည်း ညောင်ရေသွန်းလောင်းသူ၊ ရေပက်ဆော့ ကစားသူ များပြားလှသောကြောင့် ထင်ရှားသော ပွဲတပွဲဖြစ်သည်။
တေဇလှိုင် ပေးပို့လာတဲ့ သတင်း နဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။

.
0 comments :
Post a Comment