ကြံ့ခိုင်ရေနဲ့ပေါင်းပြီး ဖွဲ့စည်းပုံ ပြင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Saturday, May 11, 2013

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အမှန်တကယ် ဆန္ဒရှိပြီး လုပ်ဆောင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ 



ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက မီကာဆာဟိုတယ်မှာ မေလ ၁၀ ရက်နေ့ ညနေပိုင်း သြစတြေးလျ အခြေစိုက် ဆစ်ဒနီဥပဒေကျောင်းက ဦးစီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုံးသပ်တဲ့ အလုပ်ရုံဆွေး
နွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနရဲ့ 
မေးမြန်းချက်ကို အဲဒီလို ပြောလိုက်တာပါ။

ဧရာဝတီသတင်းဌာနက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြင်ဆင်မယ်ဆိုရင် ပူးပေါင်းဆောင် ရွက်မှာ ဖြစ်တယ်လို့ ပြောတာပါ။ 

 “တကယ်ပဲ သူတို့ကလည်း ပြောင်းလဲချင်တယ်၊ အန်တီတို့ကလည်း ပြောင်းလဲချင်တယ်။ မပူးပေါင်းနိုင် စရာ အကြောင်း ဘာမှ မရှိဘူး။ ပူးပေါင်းပြီး လုပ်လို့ရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြန်လည် သုံးသပ်ရေးကော်မတီဖွဲ့ဖို့ဆိုတာ အဲဒီပါတီကပဲ အဆိုတင်သွင်းပြီးတော့ အန်တီတို့က ဒီဟာကို ထောက်ခံတယ်။ အန်တီတို့က လူနည်းနည်းလေးပဲ။ အောက်လွှတ်တော်မှာဆိုရင် ၃၉ ယောက် ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆို တင်သွင်းတာကို သဘောတူခဲ့တယ်။ အတည်ပြုခဲ့တယ်။ ဒီဖွဲ့စည်း ပုံ အခြေခံဥပဒေက ပြန်လည်ပြီးတော့ စိစစ်ဖို့ လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပြောင်းလဲဖို့လို တယ်ဆို တဲ့ဟာကို လက်ခံတဲ့ အဓိပ္ပါယ် သက်ရောက်တယ် လို့ ဒီလိုပဲ ခံယူ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒီသတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ အောင်သက်ဝိုင်း ရေးသားတင်ပြထားတဲ့ ကြံ့ခိုင်ရေးနဲ့ ပေါင်းပြီး ဖွဲ့စည်းပုံ ဥပဒေ ပြင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ဆိုတဲ့ သတင်းမှာ အပြည့် အစုံဖတ်နိုင်သလို ယမန်နေ့က အခြေခံ ဥပဒေ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ ရုပ်သံ မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဘာပြောထားလဲ ဆိုတာ ကြည့်ရှု့နာဆင်နိုင်ပါပြီ။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved