NLD ရဲ့ ပညာရေး ကွန်ရက်က ဆရာများ ဂုဏ်ပြုပွဲနဲ့ သင်တန်းဆင်းပွဲ

Saturday, May 11, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပညာရေးကွန်ယက်ရဲ့ ဆရာ ၊ဆရာမတွေကို ဂုဏ်ပြုပွဲနဲ့ ဝေဖန် ပိုင်းခြားခြင်းနဲ့ တက်ကြွစွာသင်ယူခြင်းသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေဂုံတိုင်အနီး 
တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ 

ဓာတ်ပုံ- NLD

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး စတဲ့ ပါတီခေါင်းဆောင်တွေအပြင်  ရန်ကုန်တိုင်း အတွင်းက အမေ့အိမ်ပညာရေးကျောင်းတွေက ဆရာ၊ ဆရာမတွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊  ဧည့်သည်တော်
တွေ တက်ရောက်ကြတယ်လို့ NLD က ဆိုပါတယ်။ 

အခမ်းအနားမှာ ဦးတင်ဦးက အဖွင့်အမှာစကားပြောပြီး ဒေါ်အောင်ဆန်းစုကြည်က လည်း အမှာ စကား ပြောကြားခဲ့ပါတယ်။ ဒီနောက်မှာတော့ သင်တန်းနဲ့ပတ်သက်တာတွေကို ပညာရေး ကွန်ရက် က ဒေါက်တာ သိန်းလွင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။  



အဲဒီ အခမ်းအနားမှာ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က အခမ်းအနားမှုးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ 

သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်ပေးတာ၊ နောက်ပြီး အလှူငွေ ပေးအပ်တဲ့အစီအစဉ်တွေ အပြီးမှာတော့ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved