ပညာ ကုသိုလ်ယူနေသူတချို့ရဲ့ အသံတစိတ်တပိုင်း

Monday, May 6, 2013

လောကမှာ ပညာရေးနဲ့ ကျန်းမာရေးအတွက် ဒါနဟာ အမြတ်ဆုံးတွေထဲက အမြတ်ဆုံး ဖြစ်ပါတယ်။ ဒီလို ပညာ ဒါနလုပ်ဆောင်တဲ့ နေရာမှာ တချို့က တဦးတယောက် အနေနဲ့ လုပ်ပြီး တချို့က စိတ်တူကိုယ်တူ တွေနဲ့ စုပေါင်းပြီး လုပ်ဆောင်ကြပါတယ်။  

 
ဒီအထဲကမှ တန့်ဆည်မြို့နယ်က ကရုဏာ ပရဟိတ ပညာရေး၊ ကျန်းမာရေး ဖောင်ဒေးရှင်းက ဒီကာလ အတွင်း သူတို့ ဘာတွေ လုပ်နေလဲ ပရိသတ်သိစေဖို့ အဆိုပါ ဖောင်ဒေးရှင်းက ကိုရန်ငြိမ်းသူ ပြော ထားထားတာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 




"ကျွန်တော်တို့ ကရုဏာ ပရဟိတ ပညာရေး၊ ကျမ္မရေး ဖောင်းဒေးရှင်းမှဒီနှစ် ၂၀၁၃ ပညာသင်နှစ်မှာ အမှန်တကယ် ဆင်းရဲနွမ်းပါးတဲ့ ၁၀ တန်းကျောင်းသား ၂ ဦးနဲ့ ၁၀ တန်းကျောင်းသူ ၃ ဦးကျောင်း ထားပေးသွားမှာ ဖြစ်ပါတယ်" လို့ ကိုရန်ငြိမ်းသူက ဆိုထားပါတယ်။ 

အဲဒီ ကျောင်းသားတွေကို သူတို့ က ဘာတွေ လုပ်ဆောင်ပေးထားတယ်ဆိုတာလည်း သူက ဆက်ဆိုထား ပါတယ်။

"ဒီကလေးတွေကို လောလောဆယ်မှာ ကျူရှင် ၀ိုင်းတန်းတွေမှာ အပ်နှံထား ပြီးဖြစ်ပါတယ်။ ကျူရှင်တွေက လည်း သင်ကြားခ မယူပါဘူး။ ဒီကလေးတွေရဲ့စားစရိတ်ပဲယူကြပါတယ်။ ဒါတောင် ဒီနှစ် သူတို့ ၅ ဦး အတွက် သိန်း ၂၀ လောက်ကုန်မယ်လေ" ကိုရန်ငြိမ်းသူက ပြောထားပါတယ်။ 

လိုအပ်နေသေးတဲ့ ကျောင်းသားတွေလည်း ရှိနေသေးတာပါ။ ဒါတွေနဲ့ပတ်သက်လို့လည်း သူက
"ဒါတောင် အငယ်တန်းကလေး ငယ်တွေမလာသေးဘူးလေ။ မနှစ်က စာရင်းအရကတော့ ပထမတန်း ကနေ ၈ တန်းအထိ၂၁၇ ဦးရှိနေ တယ်လေ" လို့ ဆိုပါတယ်။ 
ဒါကြောင့် သူတို့ ပရဟိတ အသင်းအနေနဲ့   ပြောချင်တာကလည်း ရိုးရိုးရှင်းရှင်းပဲ သူက ဆိုထားပါတယ်။

"ဒီနှစ်အတွက် ဆက်ကြိုးစားရင်း ပညာဒါနလက်တွဲနိုင်ကြမယ့် အလှုရှင် ညီအစ်ကိုမောင်နှမ တွေ ကို မျှော်လင့်နေ မိကြောင်းပါ ခင်ဗျား" လို့ ကိုရန်ငြိမ်းသူက ဆိုထားပါတယ်။ 





အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved