ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း

Sunday, May 5, 2013

မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲ ဆင်နွှဲဖို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ဖောက်ခွဲမှုနဲ့ စွပ်စွဲ ပြစ် ဒဏ် ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်တွင်း သတင်း ဂျာနယ် ရဲ့ ဖော်ပြချက်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။ 

ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကတော့ ..... 

ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွဝါဒီအချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့် 
ဖော်ပြခဲ့တာတွေ့ရပါတယ်။

ဂျီဟဒ်စစ်ပွဲဆင်နွဲမယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ 


ဒီလိုပြောဆိုမှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။

ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန်ဖို့လိုပါတယ်။

မီဒီယာများအနေနဲ့ ဒီလိုပြောဆိုချက်များကို သတင်းရေးသားတဲ့အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေကြားမှာ ထိတ်လန့်မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထားသင့်ပါတယ်။

အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်းများရဲ့ခေါင်းဆောင်များရဲ့ ဒီလို အကြမ်းဖက်တဲ့အယူအဆများအပေါ် သဘောထား ကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့်တော်မယ် လို့ ထင်ပါတယ်။

အခုလို ထိလွယ်ရှလွယ်တဲ့အခြေအနေမျိုးမှာ ပုံနှိပ်မီဒီယာများရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ ရပ်ခံတိုက်တွန်းအပ် ပါတယ်။

2 comments :

  1. Anonymous said... :

    What a shame for Indonesian government , they attack our embassy , because of there is their country and their ground ? So do we , but definitely our government and our citizen is not like them , we let them stay peacefully in our ground , we treat like other country man , why are they not do like what we protect their embassy in our country ? Under this circumstance , people will know who’s the start creating problem ? Let around the world decide who is trouble maker .

  1. Anonymous said... :

    Under this circumstance , people will know who’s the start creating problem ? Let around the world decide who is trouble maker .

    I totally agree with it, who is the trouble maker? who destroy our country? Most of the media badly criticize our government and Myanmar people but they don't even know what is the root of problem. don't destroy our country!!!!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved