၈၈ တို့ တရားဝင် မှတ်ပုံတင်တော့မယ်

Sunday, May 26, 2013

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း တခုဖြစ်ဖို့အတွက် အသင်းအဖွဲ့မှတ်ပုံ တင်တော့မှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုမာကီးက 
အောက်ပါအတိုင်း  ရေးသား အသိပေးထားပါတယ်။ 



အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ကြသော၊ ၂ဝဝ၅ ခုနှစ်မှစ၍ ၈၈မျိုးဆက်ကျောင်းသားများ အစု အဖွဲ့ အနေဖြင့် ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသော ၈၈မျိုးဆက်တို့သည် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ အကျဉ်းထောင်အသီးသီးမှ နောက်ဆုံးအကြိမ် လွတ်မြောက်လာ ကတည်းက ၈၈ မျိုးဆက်
ကျောင်းသားများ အမည်ဖြင့်လည်းကောင်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမည် 
ဖြင့် လည်းကောင်း နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းများကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင် ရွက်လျက်ရှိပါသည်။ 

နှစ်ပေါင်းများစွာနိမ့်ပါးခဲ့ရသော ပြည်သူလူထု၏ အရေးပါမှုအခန်းကဏ္ဍနှင့် မတရားမှုမှန်သမျှကို ရဲဝံ့ပွင့် လင်းစွာ ထုတ်ဖော် ပြောဆိုနိုင်ရန် ပွင့်လင်း လူ့ အဖွဲ့အစည်းဖော်ဆောင်ရေး ခရီးစဉ်များဖြင့်လည်းကောင်း၊ မိဘပြည်သူများ၏ နှစ်ပေါင်းများစွာ ခါးစည်းခံစားလာခဲ့ကြရသောဒုက္ခများကိုလည်း မျှဝေခံစား ပေးခြင်း၊ တတ်စွမ်းနိုင်သမျှ ကူညီညှိနှိုင်း၊ဖြေရှင်းပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။ 

ယခုအခါတွင် မိဘပြည်သူများ၏ အခက်အခဲပြဿနာများကို ပိုမို၍ စံနစ်တကျ ကူညီဆောင်ရွက်ပေးနိုင် ရန်နှင့် အနယ်နယ်အရပ်ရပ်ရှိ ၈၈မျိုးဆက်များ၊လူမှုအသင်းအဖွဲ့များနှင့် တရားဝင်ချိတ်ဆက်၍ ကျယ် ကျယ်ပြန့်ပြန့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားနိုင်ရန်အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းကို တရားဝင် အဖွဲ့အစည်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနတွင် မကြာမီအချိန်၌ သင်းဖွဲ့ မှတ်ပုံတင်သွားမည်ဖြစ်သည်။ 

ထို့အတွက်လိုအပ်သော ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved