ဘောလုံးအဖွဲ့ချုပ် Facebook မှာ အမျိုးသမီးအသင်းကိုဂုဏ်ပြု

Sunday, May 26, 2013



ပါလက်စတိုင်းမှာ အောင်ပွဲခံလိုက်တဲ့ မြန်မာအမျိုးသမီးအသင်းကို
ဂုဏ်ပြုတဲ့အနေနဲ့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က  Facebook စာမျက်နှာ  မျက်နှာဖုံးပုံကို အပြောင်းအလဲ လုပ်လိုက်ပါပြီ။

မနေ့က အာရှ အမျိုးသမီး ခြေစစ်ပွဲမှာ အုပ်စုဗိုလ်ဖြစ်ဖို့ ကန်ကြရာမှာ မြန်မာအသင်း နဲ့ တရုတ်တိုင်ပေအသင်းတို့ ဂိုးမရှိ သရေကျသွားပါတယ်။

ပြီးခဲ့တဲ့ပွဲများမှာ ရခဲ့တဲ့ဂိုးအရေအတွက်အရ မြန်မာအသင်းက အုပ်စုဗိုလ် ဖြစ်သွားတာပါ။

ထိုင်ဝမ်နဲ့မြန်မာတို့ ဘယ်လိုကန်ကြတယ် ဆိုတာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ အွန်လိုင်းမှာ အသေးစိတ်ရေးထားပါတယ်။
  • ခေါင်းစဉ် - ရှုံးပွဲမရှိပေးဂိုးမရှိအုပ်စုဗိုလ်အဖြစ်မြန်မာအမျိုးသမီးအသင်း အာရှခြေစစ်ပွဲအောင်
  • လင့် - http://themff.org/index.php/women/460-2013-05-25-21-25-27

မြန်မာအသင်းက ပါလက်စတိုင်းကို မသွားခင် ရန်ကုန် ယူနိုက်တက် လူငယ်အသင်းနဲ့ ခြေစမ်းပွဲ ကစားပြီး ခြေသွေးခဲ့ပါသေးတယ်။

"ဒီခြေစစ်ပွဲဟာ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားကို သွားနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။
တိုင်းပြည်အတွက် ဒီအခွင့်အရေးကို ရအောင် ဆုပ်ကိုင်နိုင်ကြမယ် လို့လည်း မျှော်လင့်ပါတယ်" လို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း ပါလက်စတိုင်း မသွားခင် ပြောဆိုခဲ့ကြောင်း MFF  အွန်လိုင်းမှာ ရေးပါတယ်။

 မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ဒီနှစ် ဆီးဂိမ်းမှာ  ချန်ပီယံဖြစ်ရေး  ဆက်လက် လေ့ကျင့်ပြင်ဆင် ပေးသွားမယ်၊
အမျိုးသမီးအသင်း ကစားသမား တဦးကို လစာ  (၃)သိန်းကနေ  (၅)သိန်းအထိ တိုးပေးမယ် စသဖြင့်  ဦးဇော်ဇော်က ပြောဆိုကြောင်း မနှစ်က သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

 
မြန်မာအသင်းနဲ့ သရေကန်ခဲ့တဲ့ တိုင်ပေအသင်း (ဓာတ်ပုံ - တရုတ်တိုင်ပေဘောလုံးအဖွဲ့ချုပ်)
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved