မဟာစင် မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်

Thursday, May 16, 2013

မဟာစင်ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း မြန်မာအစိုးရ မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။


စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ဒုက္ခသည်များ မုန်တိုင်းဘေးလွတ်ရာသို့ ယနေ့ ပြောင်းရွှေ့နေကြသည် (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)
မူလက မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် မုန်တိုင်းသတိပေးချက်ကို အနီရောင် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

ယခုအခါ မုန်တိုင်းသတိပေးချက်ကို အညိုရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်သည်။

မိုး/ဇလဌာန၏ ကြာသပတေး ညနေ ၄းဝဝ နာရီ အချိန် ထုတ်ပြန်ချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင် (၆)ပေမှ(၈)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၄)ပေမှ(၆)ပေခန့် မြင့်တက်နိုင်ပါသည်။

မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါသည်။

မြန်မာစံတော်ချိန်(၁၄း၃၀)နာရီအချိန်တိုင်းထွာချက်များအရ မောင်တောမြို့တွင် အနောက်တောင်အရပ်မှတစ်နာရီ လျှင်မိုင်(၃၀)နှုန်းဖြင့်လည်းကောင်း၊
စစ်တွေ
မြို့တွင် အနောက်အရပ်မှ တစ်နာရီလျှင်မိုင်(၃၀)နှုန်းဖြင့် လည်းကောင်း၊
ကျောက်ဖြူ
မြို့တွင် အနောက်တောင်အရပ်မှ တစ်နာရီလျှင်(၂၅)မိုင်နှုန်းဖြင့် လည်းကောင်း၊ သံတွဲမြို့တွင်အနောက် တောင်အရပ်မှတစ်နာရီလျှင် မိုင်(၂၀)နှုန်းဖြင့် တိုက်ခတ်လျှက်ရှိကြောင်း တိုင်းထွာရရှိပါသည်။
 


























.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved