မဟာဆန်သူ အားပျော့သွားပြီ

Thursday, May 16, 2013

ဆိုင်ကလုန်း မဟာဆန် ဆက်လက် ရွေ့လျားနေပေမယ့် အရှိန်အဟုန် မပြင်းထန်တော့ဘူးလို့ သတင်းတွေမှာ ရေးထားကြတာ ဖတ်ရှုပြီး ဖြစ်ပါလိမ့်မယ်။  
 



ဘင်္ဂလားဒေ့ရှ်ကို ဝင်အပြီး မဟာစင် အားပျော့


Cyclone Mahasen Misses Burma, Bringing Relief to Displaced Rohingyas
 

 မုန်တိုင်းအမည်က အင်္ဂလိပ်လို Mahasen ဖြစ်ပါတယ်။

မဟာစံ၊ မဟစန်၊ မာဟဆန်း၊ မဟာဆန် .... ဘယ်အသံထွက်က ပိုတိကျမယ် မသိပါ။
သီရိလင်္ကာကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်တပါးရဲ့နာမည်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဘုရင်က ကောင်းတာတွေရော၊ မကောင်းတာတွေပါ အများအပြားလုပ်ခဲ့သူပါ။
အဖျက်သမားမုန်တိုင်းကို ဒီဘုရင်ရဲ့နာမည်ပေးခဲ့တာ ဘာကြောင့်လဲ ဆိုတာတော့ မသိရသေးပါ။

ဆိုခဲ့သလိုပဲ .... မုန်တိုင်းမဟာဆန် အားပျော့သွားပါပြီ။
ဒီအကြောင်း မိုးဇလ ပညာရှင် ဦးထွန်းလွင်က အွန်လိုင်းမှာ ပြောပြထားတာတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။
နှုတ်ဆက်ရပါတော့မယ် မဟာဆန်သူ
15-5-2013
3:30 pm

(၁၆-၅-၂၀၁၃)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး Mahasen ဆိုင်ကလုန်းမုန်တိုငးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေမှတစ်ဆင့် အနောက်တောင်ဘက်အရပ်မှ ၀င်လာပါတယ်။

အသွားနှုန်းကလည်း တစ်နာရီကို (၂၅)မိုင်နှုန်းလောက်နဲ့ ရွေ့ခဲ့လို့အလွန်မြန်ခဲ့ပါတယ်။

နေ့လည်၉၁၂)နာရီခန့်ကတည်းက စ၀င်နေခဲ့တဲ့မုန်တိုင်းဟာ ညနေ(၃)နာရီခွဲမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်တွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီးဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါပြီ။

မကြာမီကာလ (၁၂)နာရီအတွင်းမှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်
MCCW

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved