အိုဘားမား ပြောသလောက်တော့ မဟုတ်ဘူး

Thursday, May 23, 2013

အမေရိကန် သမ္မတ အိုဘားမားက  မြန်မာဟာ ပြုပြင်ပြောင်းလဲမှုတွေ တော်တော် ရှိနေပြီလို့ ပြောတဲ့ အပေါ်  ပြောသလောက်တော့ မဟုတ်ဘူးလို့  ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 


ဓာတ်ပုံ-  globalmissionpcanz.blogspot.com

"Welcome လုပ်တာတော့ သူတို့က ယဉ်ကျေးမှုအရ ဒီလိုပဲပြောမှာပဲ။ ဒါပေမယ့် အမှန်ပြောမယ်ဆိုရင်
aတာ့ ဒီ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ သမ္မတ အိုဘားမားပြောသလောက်တော့ ကျမတို့ တိုးတက်မှု မရှိဘူးလို့ ကျမဒီလိုပဲမြင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်း အဝေး ခေတ္တနားချိန် မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ 

ဒေါ်အောင်ဆန်းစုကြည်က အိုဘားမား ပြောတဲ့အထဲ ဘားမားကို မြန်မာလို့ အကြိမ်များများ အသုံးပြုသွား တာကိုလည်း ထောက်ပြသွားပြီး အိုဘားမား ပြောတာ များသွားပြီ လို့ အဲဒီလိုပြောလိုက်တော့ အိုဘားမားက ဘာတွေ ပြောခဲ့လဲဆိုတာ ပြန်ကြည့်ရအောင်ပါ။ 

“လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ် လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အခုဆိုလို့ရှိရင် နိုင်ငံရေးလုပ်နေပါပြီ။  အဲ့တော့ အခုဆိုလို့ရှိရင် နိုင်ငံရေးအရ လွှတ်တော်ကလည်းပဲ အားလုံး ပါဝင်နိုင်အောင် ပါဝင်ဆောင် ရွက်နိုင်အောင် လုပ်နေပါပြီ။ မြန်မာနိုင်ငံ အကျိုးအတွက် နောက် အင်မတန်မှ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲ လည်း ကျင်းပပြီးခဲ့ပါပြီ။ အဲ့တော့ သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ကလည်းပဲ အင်မတန်မှ ရှည်ကြာလှတဲ့ လူမျိုး စုပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် လုပ်နေပါတယ်။ နောက်ပြီးတော့ လည်းပဲ မြန်မာပြည်သူ လူထုတွေအားလုံး လေးစားရမယ့် ဥပဒေတွေလည်းပဲ ဖော်ဆောင်ဖို့ လုပ်နေပါပြီ" လို့ သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဆုံအပြီး အိမ်ဖြူတော်မှာ လုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက စကားပြန်က တဆင့် အဲဒီလို ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က အိုဘားမားပြောတဲ့အချက်တွေထဲမှာ များသွားတယ်လို့ ပြောချင်တဲ့အချက်တွေ
က မြန်မာနိုင်ငံအကျိုးအတွက် အင်မတန် ယုံကြည်ရတဲ့ ရွေးကောက်ပွဲလည်း ကျင်းပပြီးခဲ့ပြီဆိုတော့ ဘယ် ရွေးကောက်ပွဲကို သမ္မတ အိုဘားမားက ဆိုလိုတာလည်းမသိပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတော့ မဟုတ်တန်ဘူး။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ သေးသေးလေးကို ရည်ရွယ်ပြောတယ်ဆိုရင်တော့ အိုဘားမား ပြောတာ များ သွားတာအမှန်ပါဘဲ။

နောက် တချက်ကတော့ ပြည်သူလူထု အားလုံး လေးစားရမယ့် ဥပဒေတွေလည်း ဖော်ဆောင်ဖို့ လုပ်နေ ပါပြီဆိုတာကတော့ အိုဘားမားတော်တော်များသွားတယ်လို့ ပြောရမယ် ထင်ပါတယ်။

အခု ထိ တရားဥပဒေ စိုးမိုးရေး အားနည်းနေသေးပြီး အဂတိလိုက်စားမှုတွေ၊ တချိန်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ဘာမှ တာဝန်ယူမှု မရှိသေးချိန်မှာ ဒီလိုပြောလိုက်တာကတော့ လွန်ပါတယ်။ 

ဒီအပြင် တိုင်းရင်းသား ပဋိပက္ခပြဿနာတွေကိုလည်း ဖြေရှင်းနေပြီလို့ အိုဘားမားက ဆိုပြန်ပါတယ်။ ဒါကလည်း အခုထိ တိုင်းရင်းသားနယ်မြေတွေမှာ ယမ်းခိုးနံတွေ တဝေေ၀ဖြစ်နေဆဲပါ။

 အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲက အခြေခံကျတဲ့အဆင့်ကိုတောင်မှ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဦးတည်မယ့် အပစ်အခတ်ရပ်စဲရေးမျိုး အခုထိ မရှိသေးပဲ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေကို စီးပွားရေးလုပ်ခွင့်တွေသာ ပေးထားပြီး နိုင်ငံရေးအရ အခုထိ ဆွေးနွေးမှုတွေ ဘာတခုမှ မလုပ် ရသေးတာပါဘဲ။

နိုင်ငံရေးအရ အားလုံး ပါဝင်အောင် လုပ်နေပါပြီဆိုတဲ့အချက်မှာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတာကြောင့်ဆိုတာလည်း တချက်ပါမယ် ထင်ပါတယ်။

ဒီလို အချက်တွေကို အမေရိကန်သမ္မတ အိုဘားမားက ထည့်သွင်းပြောဆိုသွားတဲ့ အတွက်ကြောင့်
ဒေါ်အောင်ဆန်းစုကြည်လည်း အိုဘားမားတော့ များသွားတယ်လို့ ပြောလိုက်တာဖြစ်နိုင်သလို အခုမှ ဒေါ်အောင်ဆန်းစုကြည်လည်း သဘောပေါက်သွားတာဖြစ်နိုင်ပါတယ်။ 



့လင်းသန့်။


4 comments :

  1. Anonymous said... :

    Nobody dare to point out like ASSK. Well done! That's the way to talk, not like other MPs discussion about "Dr. Sait Phwa" , what a cheesy topic?

  1. tartee said... :

    မှန်ပါတယ်အမေစု

  1. Anonymous said... :

    ဘာပဲပြောပြောဒေါ်စုကြည်လဲ အလကားပေးတဲ့ဘွဲ့နဲ့ဆုကြေးတွေလိုက်ယူပြီး ဆန့်ကျင်ရေးရေစီးကြောင်းမှာ ကမ်းကပ်လိုမရအောင်မြောနေပြီဆိုတာသိသာပါတယ်။ သူ့နောက်လိုက်တွေကလည်း လူတစ်ရုံးရုံး အော်သံတညံညံဖြစ်အောင် ဆွပေးတာကလွဲရင် ပြည်သူလူထုတည်တည်ငြိမ်ငြိမ်သိက္ခာရှိရှိနဲ့ တိုးတက်အောင်ဘာမှ မလုပ်တတ်တော့ဘူးဆိုတာ ပြည်သူ ၆၅ ရာခိုင်နှုံးလောက် တိတိကြကြသိလာပါပြီ။

  1. Anonymous said... :

    ဒေါ်စု က ဆွမ်းဆန်ထဲက ကြက်ချေးပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved