အွန်လိုင်းကို ရောက်လာတဲ့ ရှမ်းပြည်နယ်အစိုးရ

Tuesday, May 7, 2013


 ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အင်တာနက်စာမျက်နှာ ထွက်ပေါ်လာပါပြီ။

လိပ်စာက www.shanstate.gov.mm ဖြစ်ပါတယ်။

တည်ဆောက်ဆဲဖြစ်တဲ့ ဒီစာမျက်နှာအသစ်ရဲ့ ကဏ္ဍများထဲမှာ သတင်းကဏ္ဍက အစုံလင်ဆုံး ဖြစ်တာကို တွေ့ရမှာပါ။ 

သတင်းသမားတွေအတွက် သတင်းရင်းမြစ်တခု အသစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။

တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွေက အင်တာနက်မှာ ခြေချသေးဟန် မတူပါဘူး။ မကြာခင် သူတို့ကိုလည်း အွန်လိုင်းမှာ မြင်ရတော့မယ်လို့ ယူဆရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရုံးတွေ ပေါ်ပေါက်လာတာပါ။

 ထုတ်ပြန်လိုတဲ့ အချက်အလက်တွေကို အများသိအောင် အွန်လိုင်းကို အသုံးပြုတဲ့အတွက် အစိုးရအဖွဲ့အတွက် အဆင်ပြေတယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ရယူလိုသူများလည်း ဒီဝက်ဆိုက်မှာ ၂၄ နာရီ ဝင်ရောက် ရှာဖွေလို့ရနေပါပြီ။

နေပြည်တော် သမ္မတရုံးဝက်ဆိုက်လိုပဲ ဒီဝက်ဆိုက်အသစ်ကိုလည်း ပုံမှန် မွမ်းမံကြမယ်လို့ ယူဆရပါတယ်။



.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved