မြန်မာပြည်က ဆူဆူညံညံ ဟိုတယ်အခန်းခ

Monday, May 13, 2013

မြန်မာပြည်က ဟိုတယ်အများအပြား အခန်းခနှုန်းထား တိုးမြှင့်နေကြတဲ့အတွက်  ခရီးသွားကုမ္ပဏီများ ခေါင်းခဲနေကြပါပြီ။

ကြိုတင် ဘိုကင်လုပ်တုန်းက ဈေးတမျိုး၊  ခရီးသည် ရောက်လာတဲ့အခါ ပေးရတဲ့ဈေးက တမျိုး ဖြစ်နေတာကြောင့် ခရီးသွားလုပ်ငန်းမှာ ဆူဆူညံညံ ဖြစ်နေကြောင်း ဧရာဝတီသတင်းထောက် ရိုးကျော်က သတင်းပေးပို့ထားပါတယ် ...


ဟိုတယ်အခန်းခများကို မူလသဘောတူထားသော  ဈေးနှုန်းထက် ပိုမိုကောက်ခံနေကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတို့က အထောက်အထားများဖြင့် တိုင်ကြားနေကြောင်း သိရသည်။

အခန်းခ ဈေးတက်သည့်အထဲတွင် ထူးကုမ္ပဏီများအုပ်စု၏ Myanmar Treasure Hotel များလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောသည်။

“သူတို့က သင်္ကြန်နောက်ပိုင်းမှာ အခန်းခဈေးနှုန်းတွေ ပြင်လိုက်တယ်။ ခရီးသွားလုပ်ငန်းတွေကို မူလက ရောင်းထားတဲ့နှုန်းနဲ့ ကွာနေတယ်။
ခရီးသည်တွေကလည်း ဒီကိုရောက်နေပြီလေ။ ဈေးကွက်ပျက်ရင် ဟိုတယ်လုပ်ငန်း လည်ပတ်မှုကြီး တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်”
ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ဧရာဝတီသို့ ပြောသည်။

ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများကြားတွင် သတ်မှတ်စည်းမျဉ်း ဖောက်ဖျက်ပါက အသင်းက ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ၊  မည်သူကဖောက်ဖျက်သည်ဖြစ်စေ အထောက်အထား ခိုင်လုံစွာ တင်ပြရန် လိုအပ်ကြောင်း ဦးနောင်းနောင်းဟန်က ပြောသည်။

“ခရီးသွားကုမ္ပဏီတွေ ဖောက်ဖျက်ရင်လည်း ဟိုတယ်လုပ်ငန်းရှင်တွေက ကျနော်တို့ဆီ တိုင်နိုင်ပါတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေက ဖောက်ဖျက်ရင်လည်း ကုမ္ပဏီတွေက တိုင်နိုင်ပါတယ်။
အဆင်ပြေအောင်ညှိနှိုင်းပေးဖို့က ကျနော်တို့တာဝန်ပါ။ ဟိုတယ်တွေ အခန်းခ တိုးတောင်းနေတယ် ဆိုတဲ့ အသံတွေ ကြားနေရပေမယ့် အထောက်အထားနဲ့ မပြနိုင်ရင် ကျနော်တို့ လုပ်ပေးဖို့ခက်ပါတယ်” ဟု ဦးနောင်းနောင်းဟန်က ဆက်ပြောသည်။

ဟိုတယ်/ခရီးဝန်ကြီးဌာနက ထူးကုမ္ပဏီများအုပ်စုကို ဟိုတယ်အခန်းခများ သတ်မှတ်ဈေးထက် တိုးမြှင့်ကောက်ခံခြင်း မပြုရန်  ကြာသပတေးနေ့တွင် သတိပေး ဟန့်တားလိုက်သည်။

“ဈေးနှုန်း တိုးမြှင့်သတ်မှတ်ခြင်းမပြုမီ ကာလ၌ အခန်းငှားရမ်းမှုဆိုင်ရာ ချုပ်ဆိုထားသော စာချုပ်များ၊  သဘောတူညီမှုများ၊  ကတိက၀တ်များအတွက် မူလသဘောတူသတ်မှတ်ခဲ့သည့် အခန်းခဈေးနှုန်းများအတိုင်း ပြင်ဆင်တိုးမြှင့်မှုမရှိဘဲ လက်ခံဆောင်ရွက်ပေးရန်၊  လိုက်နာမှုမရှိပါက လိုအပ်သောအရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ၀န်ကြီးဌာန၏ သတိပေးချက်တွင်  ဖော်ပြထားသည်။

ထို့ပြင် တိုးမြှင့်သတ်မှတ်ထားသော အခန်းခများနှင့် လျော်ညီမှုရှိသော ဟိုတယ်ဝန်ဆောင်မှု အဆင့်အတန်းများကို အပြည့်အ၀ရရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့်
ပြည်ပရင်းနှီးမြုပ်နှံမှုဟိုတယ်များအတွက် အခြေခံအခန်းများကို ဒေါ်လာ ၁၅၀ ထက် ပိုမိုရယူခြင်းမပြုရန်၊ 
သတ်မှတ်ထားသည့် အချက်အား အလေးအနက် သတိပြုဆောင်ရွက်ရန် အကြောင်းကြားသည်ဟု ဖော်ပြထားသည်။

ဟိုတယ်/ခရီးဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်း ဟိုတယ်ဝန်ဆောင်ခနှုန်းထားများကို အသစ်ပြန်လည်သတ်မှတ်ပေးခဲ့ကြောင်း၊
ယင်းနှုန်းထားများမှာ လာမည့် ခရီးသွားရာသီ ၂ရာသီအထိ သင့်တော်သော ပမာဏဖြစ်ကြောင်း ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ထူးဟိုတယ်လုပ်ငန်းတွေက မနှစ်ကနှုန်းထက် ထက်ဝက်ကျော်ကျော်လောက် တိုးကောက်လိုက်တော့ ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့နှုန်းထက်လည်း မြင့်တယ်။
ခရီးသွားကုမ္ပဏီတွေနဲ့ မူလသဘောတူထားတဲ့နှုန်းတွေထက်လည်းမြင့်တော့  ဒီလိုသတိပေးခံရတာပါ” ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။

ဟိုတယ်ဝန်ဆောင်မှုနှုန်း အဆမတန် ကောက်ခံပါက ခရီးသွားများသည် ၀န်ဆောင်မှု ပိုမို ကောင်းမွန်ပြီး၊  သွားလာလည်ပတ်စရာ ပိုများသော အိမ်နီးချင်းနိုင်ငံများကို ပြောင်းလဲရွေးချယ်သွားနိုင်ေ

ကြာင်း သူကဆက်လက်ပြောသည်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved