အရင်က သမ္မတရုံး ၀န်ကြီးတဦးဖြစ်တဲ့ ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါပြီ။
သမ္မတရုံးကအမိန့်ကြော်ငြာစာ အမှတ် ၄၂/ ၂၀၁၃ ဖြင့် မေလ ၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စာမှာ တော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌသစ် တာဝန်ကို ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းရှိန်က တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဒေါက်တာ ကံဇော် ( အမျိုးသား စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး)နဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် ရထားပို့ဆောင်ရေး ဒုဝန်ကြီး သူရ ဦးသောင်းလွင် အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အိမ့်သံစဉ် ~
0 comments :
Post a Comment