တနင်္ဂနွေနေ့က သူဌေးကြီး ဦးတေဇ သူ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို သွားရာမှာ လေဆိပ်ဝန်ထမ်းတွေနဲ့ လုံခြုံရေးတာဝန်ကျရဲတွေက
"၀န်ကြီးတစ်ယောက်လာသလိုကြိုဆိုခဲ့ကြတယ်" လို့ Facebook တနေရာမှာ ရေးထားပါတယ်။
၂၀၀၇ နှစ်ကုန်ပိုင်းကတွေ့ရသော ဦးတေဇ နှင့် သားနှစ်ဦး (ဓာတ်ပုံ- ဧရာဝတီ)
"လေဆိပ်ထဲက VIP ယာဉ်တွေသာဝင်လို့ ရတဲ့နေရာကိုဦးတေဇရဲ့  နောက်ဆုံးပေါ် လင့်ခရုဆာတွေရောက်နေခဲ့တယ်.....
(မြန်မာနိုင်ငံရဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ထားဝယ်လာတုန်းကတောင်ကားတွေပေးမ၀င်တဲ့နေရာ...)
....ပြောင်းလဲပါပြီဆိုတဲ့ခေတ်စနစ်တွေဘယ်ရောက်သွားတာလဲ....
.... ပြည်သူပိုင်နေရာမှာပြည်သူတစ်ယောက်ထက်ပိုတဲ့အခွင့်အရေးမပေးသင့်ဘူး....." လို့ ဝေဖန်ထားပါတယ်။
ဒီသတင်းအချက်အလက်နဲ့ လေယာဉ်ပေါ်ကဆင်းလာကြပုံကို Facebook မှာ မျှဝေကြသူ ၁၅ဝ ထက် မနည်း ရှိတာ တွေ့ရမှာပါ။
မှတ်ချက်ပေးသူတဦးကတော့ ...
"လေယဉ်လိုင်းအကြိးအကဲနေနဲ့ကြိုတာကိုလက်ခံပါတယ် ... vip မှာဒေါ်စုတောင်မရပ်ရဆိုတဲ့နေရာမှာ ရပ်ခိုင်းတာ လေဆိပ်တာဝန်ခံနဲ့ပဲဆိုင်မယ်ထင်ပါတယ်"
လို့ ဆိုထားပါတယ်။
.

ဝန်ကြီးကြိုလို့ ဘာမှမရဘူး။ဦးတေဇက သူဒီလို ပါဝါတွေ ပြနိုင်ဖို့ ငွေအများကြီး အကုန်ခံထားမှာပေါ့။ ရတဲ့သူတွေကလည်း ပေးလုပ်ကြမှာပဲ။ သူ့သဘော သူဆောင်ပါ။ ဒီနေရာ ကားပေးရပ်ပါ။ ၁၀သိန်းလောက် မုန့်ဖိုးပေးမယ်ဆိုရင် ကျွန်တော်လည်း ပေးရပ်မိမှာပဲ။ Traders hotelမှာလည်း ပေးနိုင်ရင် နေရာကောင်းကောင်း ပေးရပ်တာပဲ။ ခရိုနီငွေ ဆင်းရဲတဲ့သူဆီရောက်တာလည်း တစ်မျိုးကောင်းတာပဲ။ အမြင်မတူရင် အားလုံး sorryပါ။