နန်းဆုရတီစိုး ခွဲစိတ်ပြုပြင်ထားသလား

Monday, June 17, 2013


ဒီရက်ပိုင်း သတင်းထောက်တွေ တကောက်ကောက်လိုက်တာခံရမှာကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး ဖြစ်ပါလိမ့်မယ်။
နန်းဆုရတီစိုး ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ခွဲစိတ်ပြုပြင်ထားတယ် ဆိုတဲ့ သတင်းတပုဒ် အွန်လိုင်းမှာ မနေ့က တက်လာပါတယ်။
ဒီသတင်းအပိုင်းအစကို အတည်ပြုချက်ယူဖို့ ကာယကံရှင်ကို ဖုန်းတဂွမ်ဂွမ် ဆက်ကြဖွယ် ရှိပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ထွက်လာမယ့် ဂျာနယ်များမှာလည်း ဒီအကြောင်း သေချာပေါက် ဖော်ပြထားမှာပါ။

(မကြာသေးခင်က ရိုက်ကူးပြီး စာနယ်ဇင်းများမှာ ဖော်ပြခဲ့တဲ့ပုံတချို့ကို ဒီစာစု ထိပ်ဆုံးမှာ စုစည်း ဖော်ပြလိုက်ပါတယ်။ သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်)

အလှအပအတွက် ဒီလို ခွဲစိတ်ပြုပြင်တယ် ဆိုတဲ့ သတင်း မှန်ကန်တယ် ဆိုရင်တော့  ၁၉၈၇ ခုနှစ်ဖွား နန်းဆုရတီစိုးက
မြန်မာပြည်က အထင်ကရများထဲမှာ ပထမဆုံးခွဲစိတ်ပြုပြင်သူ ဖြစ်လာဖွယ် ရှိပါတယ်။

သိပ်မကြာသေးခင်အချိန်အထိတော့ သူက မြန်မာပြည်က အထင်ကရများထဲမှာ ပထမဆုံး ဘော်ဒီဂတ် ထားရှိသူ ဖြစ်ခဲ့ပါတယ်။
သူ့မေမေနဲ့ စိတ်အခန့်မသင့်ဖြစ်ပြီး အဒေါ်အိမ်မှာသွားပုန်းရာကနေ မေမေက ရဲစခန်းမှာ လူပျောက်အမှုဖွင့်ပါတယ်၊ အဲဒီနောက်တော့ အမျိုးသမီး ဘော်ဒီဂတ်တယောက် ရှာပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့အကြောင်း http://blog.irrawaddy.org/2011/11/blog-post_519.html

လောလောဆယ်ဆယ် နန်းဆု ဖေ့ဘုတ် http://www.facebook.com/nansu.yatisoe.1 မှာတော့ ခွဲစိတ်ပြုပြင်တယ် မပြင်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ ရေးမထားပါ။
ဖခင်များနေ့ အမှတ်တရ ပုံနဲ့ ရေးသားချက်တချို့ကိုပဲ ဖတ်ရမှာ ဖြစ်ပါတယ်။


ဟိုတုန်းက နန်းဆုဓာတ်ပုံများ



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved