ဆင်ဖြူတော်ကို တိရိစ္ဆာန်ရုံ ပို့မှာလား

Monday, June 17, 2013


ထိုင်းနဲ့မြန်မာ သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာ ရှိတဲ့ ဆင်ဖြူတွေထဲက တကောင်ကို ငှားပြီး ချင်းမိုင် တိရိစ္ဆာန်ရုံမှာ ၆ လ အလှထားဖွယ်ရှိတယ်လို့
နိုင်ငံခြားရေး ၀န်ကြီး Surapong Towichukchaikul က ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ်သတင်းစာ သည်နေးရှင်း ရဲ့  အွန်လိုင်းမှာ သောကြာနေ့ရက်စွဲနဲ့ ရေးထားပါတယ်။

ဘန်ကောက်ပို့စ်မှာလည်း အဲဒီနေ့က ဒီအကြောင်း ရေးထားပါသေးတယ် -
 "We have chosen Chiang Mai Zoo as the venue because Chiang Mai has had diplomatic ties with Myanmar for more than 200 years," လို့ ၀န်ကြီးက ပြောပါတယ် တဲ့။

ချင်းမိုင် တိရိစ္ဆာန်ရုံကို ရွေးချယ်ရခြင်း အကြောင်းရင်းက ချင်းမိုင်ဟာ မြန်မာတို့နဲ့ သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၂ဝဝ ထက်မနည်း ရှိခဲ့လို့ပါပဲ တဲ့။

ချင်းမိုင် ဆိုတာ မြန်မာတွေ ဇင်းမယ်လို့ခေါ်ကြတဲ့မြို့ ဖြစ်ပါတယ်။
ဘုရင်များခေတ်က သွားရောက် စစ်ခင်းကြတဲ့မြို့လည်း ဖြစ်ပါတယ်။

နေပြည်တော် နဲ့ ရန်ကုန်မှာ ဆင်ဖြူတော်တွေကို တခမ်းတနား ရုံသွင်းပြနေတာပါ။
အခုတော့ ဆင်ဖြူကို ချင်းမိုင်က တိရိစ္ဆာန်ရုံမှာ ထားမယ် လို့ လေသံပစ်နေတယ် ဆိုတော့ ဗိုလ်ချုပ်ကြီးများ လက်ခံဖွယ်မရှိဘူးလို့ ယူဆရပါတယ်။

လက်ခံမယ်၊ သဘောတူမယ် ဆိုရင်တော့ မြန်မာပြည်မှာ အပြောင်းအလဲ တော်တော် ကြီးမားနေပြီလို့ ဆိုကြမယ် ထင်ပါတယ်။

ဆင်ဖြူတော်အကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြခဲ့တာ တကြိမ် မကပါဘူး။

ဆင်ဖြူတော်တကောင် မျက်နှာမြင်  http://blog.irrawaddy.org/2011/11/blog-post_4012.html
ဆင် ကင်ပွန်းတပ်ပွဲ  http://blog.irrawaddy.org/2012/03/blog-post_4028.html တို့မှာ ဖတ်နိုင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved