ဦးတေဇနဲ့ ဧ၀ရက်တောင်ကအစီအစဉ်

Sunday, June 2, 2013

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ဒေသမှာ မြန်မာနိုင်ငံက သူဋ္ဌေးကြီး ဦးတေဇ ဘယ်လို အစီအစဉ်ရှိနေလဲ။ ဓာတ်ပုံတွေအရ ဧ၀ရက်တောင်ဒေသကို ရောက်နေတဲ့ ဦးတေဇက သူ့တို့ရဲ့ အစီအစဉ်တွေကို ပြောပြထားပါတယ်။ 




 ဓာတ်ပုံများ- ဦးတေဇ ဖေ့စ်ဘုတ် 
မြန်မာအလံနဲ့ ထူး ဖောင်ဒေးရှင်း အလံတွေနဲ့ ဧ၀ရက်တောင် ထိပ်အမြင့်ကနေ ကောင်းကင် ဒိုက်ထိုးမှုကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ်ကနေ အသိပေးထားတယ်။ 

"မိမိညီငယ်ဖြစ်သော ကိုကျော်ညိုလင်းမှာ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သော ဧဝရတ်တောင်ရှိရာ ဒေသ အနီးတွင် အမြင့်ပေ (၂၃,၀၀၀ ပေ) ကျော်မှ Sky Diving ကို လာမည့် October တွင် ဦးဆောင်ပြုလုပ်မှာ ဖြစ်ပါတယ်"လို့ ဦးတေဇက ဆိုထားပါတယ်။ 

ဆက်ပြီးတော့ ဦးတေဇက ပြောထားတာက "ညီငယ် ကိုကျော်ညိုလင်း ကိုယ်တိုင် မြန်မာနိုင်ငံ အလံ နှင့် Htoo Foundation အလံကိုင်ကာ ဧ၀ရတ် တောင်ထိပ်အမြင့်မှ Sky Diving ပြုလုပ် မှာဖြစ်သောကြောင့် Yagon Airport Group /Air Bagan နှင့် Htoo Group of Companies ညီအကိုမောင်နှမ များမှ အထူးပင် ဂုဏ်ယူလေးစားမိပါသည်"လို့လည်း ဆိုထားပါတယ်။ 




















အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved