သူရ ဦးရွှေမန်းနဲ့ အမေရိကန် ခရီးစဉ်အတွင်း ပြောဆိုချက်တချို့ ( ရုပ်/ သံ)

Sunday, June 16, 2013

 အမေရိကန် ပြည်ထောင်စုက ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့  အမေရိကန် နိုင်ငံ
ရေးနဲ့ နိုင်ငံခြားရေး ဆိုင်ရာ အဖွဲ့အစည်းများတွေနဲ့  ၀ုဒ်ရိုးလ် ၀ီလ်ဆင် စင်တာမှာ Woodrow Wilson Center မှာ တွေ့ဆုံပွဲမှာ ဘယ်သူတွေ ဘာတွေ ပြောခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ 

အဆိုပါ ပြောဆိုပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်ရေး အကန့်အသတ်ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာကို ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုးတာမျိုးတွေ လုပ်ဖို့ အစီအစဉ်တွေလည်း ရှိတာ သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။ 

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက စိုးရိမ်မှု
တွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာ သုံး သပ်ပြီး ပြင်ဆင် သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် လေ့လာသုံးသပ်ပြီး ပြင် ဆင် စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ
ဆောင်ရွက် ရတာရှိသလို၊ တချို့ကိစ္စတွေ ကျတော့ ပြည်သူလူထုအထိ အတည်ပြုချက် ရယူရမှာ ဖြစ်ပါ တယ်” လို့ ဦးရွှေမန်းပြောသွားတာပါ။

သူရ ဦးရွှေမန်းဟာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေစဉ်အတွင်းမှာ အမေရိကန်ရဲ့ ဒီမိုကရေစီ
အတွေ့အကြုံတွေကို နမူနာယူဖို့ မျှော်လင့်ထား ကြာင်း ပြောဆိုခဲ့သလို ထူးထူးခြားခြား ၂၀၁၅ ခုနှစ် ရွေး
ကောက်ပွဲ အလွန် မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့လည်း ညွှန့်ပေါင်း အစိုးရ လိုမျိုး ဖွဲ့ဖို့ ဖြစ်လာရင်လည်း လုပ်သွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ 

သူရ ဦးရွှေမန်းဟာ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း အမေရိကန် ခရီးစဉ်အတွင်းမှာ လူသိရှင်ကြား
ပြောခဲ့ပါသေးတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ လည်း တွေ့ဆုံခဲ့ပါသေးတယ်။




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved