ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် တက်ရောက်ဖို့ ရှိပါတယ်။
လွန်ခဲ့တဲ့လက ဦးမင်းကိုနိုင်တို့ အမေရိကန်လာစဉ်က အတူတွေ့ရတဲ့ ဦးမိုးသီးဇွန်
"ကျနော် ဗီဇာ ၃ လ ရထားပြီးပါပြီ" လို့ သူက ပြောပါတယ်။
ရှစ်လေးလုံး ကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဗကသ လို့ အမည်ရှိတဲ့ ကျောင်းသား သမဂ္ဂကို ရန်ကုန် တက္ကသိုလ် သမဂ္ဂ ရင်ပြင်မှာ ကြေညာခဲ့စဉ်က ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်၊ ဒု ဥက္ကဋ္ဌ အဖြစ် ကိုကိုကြီးနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ကိုမိုးသီးဇွန်တို့ ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၂၆ နှစ် အကြာ မှာ ကျောင်းသား သမဂ္ဂကို ပြန်လည် အသက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဦးမိုးသီးဇွန်ရဲ့ မြန်မာပြည် ဒီတခေါက်သွားမယ့်ခရီးဟာ ဒုတိယ အကြိမ်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လွန်ခဲ့တဲ့ နှစ်ကလည်း မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ပါသေးတယ်။
အဲဒီခရီးစဉ်အတွင်းမှာ တချိန်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြောင်းလဲရေးလုပ်ငန်းတွေမှာ ဘယ်လို ပါဝင်ကူညီလုပ်ဆောင်ရမလဲ ဆိုတာတွေလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။
ဦးမိုးသီးဇွန် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံက မထွက်ခွာခင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်ကနေ လူငယ်ကျောင်းသားများ အများစု စုဖွဲ့ထားတဲ့ ထိုစဉ်က ဒုတိယ အကြီးဆုံး အတိုက်အခံ ပါတီ ကြီးတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌတာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။
အိမ့်သံစဉ် ~
တော်ပါတော့ကိုမိုးသိံးရယ်. မင်းက မြန်မာပြည်မှာ လူအမြင်ကပ်ဆုံး,ကြည့်မရဆုံး ဆုရထားတာ