မြန်မာ့လွှတ်တော် အမေရိကန် ကွန်ဂရက်နဲ့ ဆင်တူဟု သူရ ဦးရွှေမန်း ဆို

Thursday, June 27, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မြန်မာ့လွှတ်တော်ဟာ အမေရိကန် ကွန်ဂရက်ရဲ့ ဖွဲ့စည်းပုံ နဲ့ ဆောက်ရွက်ချက်တွေနဲ့ ဆင်တူတယ်လို့ ယမန်နေ့ က ပြောလိုက်ပါတယ်။ 

 ဓာတ်ပုံ- မြန်မာ့အလင်း

ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအတွင်းက ဇဗ္ဗူသီရိ ခန်းမမှာ လွှတ်တော်ရေးရာ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလိုပြောလိုက်တာဖြစ်တယ်လို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူပြီးနောက်ပိုင်း ရုရှား၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ၊ ဥရောပ ၇ နိုင်ငံ၊ စင်ကာပူ၊ နယူးဇီလန်၊ အမေရိကန် စတဲ့ နိုင်ငံတွေကို လေ့လာရေး ခရီးသွားရောက် ခဲ့ပြီး ဖြစ်တာမို့  အခုလို မြန်မာ့လွှတ်တော်ဟာ အမေရိကန်ကွန်ဂရက်နဲ့ ဆင်တူတယ်ဆိုပြီး  ပြောလိုက် တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ဒါပေမယ့် အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲမှာ မြန်မာ့လွှတ်တော်တွေထဲက ပြည်သူက ရွေးချယ် တင်မြောက်ခြင်း မခံရဘဲ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမည်တင်သွင်းမှုနဲ့ အမတ်တွေ ဖြစ်လာတဲ့ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းတော့ မ ပါ ၀င်ပါဘူး။ 

ဒီအချက်က တော့ လုံးဝ မတူတဲ့ အချက်အဖြစ် သိသာ ထင်ရှားပါတယ်။ 

ဒီအပြင် မြန်မာ့လွှတ်တော်နဲ့ အမေရိကန် ကွန်ဂရက်တို့ကြား အခြား မတူကွဲပြားတာတွေလည်း အတော် များပြားပါတယ်။ 

အမေရိကန် ပြည်ထောင်စုက ပြန်လည်ရောက်လာခဲ့ပြီး ပထမဆုံး ကျင်းပတဲ့ လွှတ်တော်ရေးရာ ဥက္ကဋ္ဌ အစရှိသူတွေနဲ့ အစည်းအဝေး တခုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။ 


အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    Yes...right!....Myanmar parliament is similar to US , but not MPs !

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved