ကိုယ့်မှာ န၀ရတ်ကိုးသွယ်လက်စွပ် ရှိပြီ ဆိုပါစို့။ ဘယ်လက်မှာ ဝတ်မလား၊ ညာလက်မှာ ဝတ်မလား။
စစ်ဗိုလ်ချုပ်များ၊ အရာရှိကြီးများကတော့ ညာလက်မှာ ဝတ်ကြဟန် တူပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ညာဘက်လက်မှာ န၀ရတ်လက်စွပ် ဆင်မြန်းပါတယ်။ ဘယ်ဘက်မှာ ၀တ်ထားတာတွေကတော့ ဓာတ်လုံးလက်စွပ်တွေလား၊ တွင်းထွက်ပစ္စည်းတွေလား မသိရပါ။
ဘန်ကောက်မြို့ မြန်မာသံအမတ် ဦးတင်ဝင်းကလည်း ညာဘက်လက်မှာ န၀ရတ်လက်စွပ် ဆင်မြန်းသူပါပဲ။
ဘက်ဘက်မှာ လှလှပပ တွေ့ရတာကတော့ စိန်လက်စွပ်ဖြစ်ဖွယ် ရှိပါတယ်။
စိန်လက်စွပ်ဖြစ်ဖွယ်ရှိတာကို လက်သူကြွယ်မှာ ဝတ်ထားတဲ့အတွက် အဲဒါက လက်ထပ်လက်စွပ်သဘောများလား။
ဦးအောင်မင်းနဲ့ န၀ရတ် လက်စွပ် https://blog.irrawaddy.org/2012/06/blog-post_7664.html
န၀ရတ်လက်စွပ်စီရင်နည်း https://blog.irrawaddy.org/2012/06/blog-post_5034.html
အရာရှိတွေ၊ သူကြွယ်တွေရဲ့ နဝရတ်လက်စွပ် https://blog.irrawaddy.org/2013/06/blog-post_6792.html
စတဲ့ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
န၀ရတ်လက်စွပ်အကြောင်း အလျဉ်းသင့်ရင် ထပ်မံ ဖော်ပြဖို့ အစီအစဉ် ရှိပါတယ်။
.
ဘယ်ဘက်က ရေသံလေ ရန်သေအောင်လို့ စစ်သားတွေဝတ်တာများတယ်