ရန်ကုန်မြို့ထဲမှာ စက်ဘီးစီးမယ်

Sunday, June 9, 2013



ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ် ၁၁၈-၁၂၀ ပထမထပ်မှာ စက်ဘီးငှားနိုင်ပါပြီ။ 
မြို့ထဲစက်ဘီးစီး လည်ပတ်မယ့်နိုင်ငံခြားသားဧည့်သည်တွေကို အဓိကထားပြီး ငှားပေးနေတာပါ။
တစ်ရက်လုံးအတွက် ကျပ် ၅,၀၀၀ ပေးရမယ်၊ နေ့ဝက်ဆိုရင်တော့ ၃,၀၀၀ ပေးရပါလိမ့်မယ်။ 


(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့ ကိုကိုမြင့်က “ဒီပတ်ဝန်းကျင် အနီးအနားကိုလာတဲ့ နိုင်ငံခြားသားတွေ အများစု လာငှားကြတယ်။  ...  ဂျပန်တွေများတယ်။  ထိုင်း၊ ဗီယက်နမ်၊ တရုတ်ဘက်ကလာတဲ့သူတွေလည်း ငှားကြတယ်၊ အားလုံးကတော့ အာရှသားတွေပဲ များတယ်” လို့ ရှင်းပြပါတယ်။

    “လုပ်ငန်းကြီးသဘောမျိုးတော့မဟုတ်ပါဘူး၊ ကျွန်တော်က စာအုပ်ထုတ်ဝေရေးလုပ်ငန်းအပြင် ဒီနေရာလေးမှာ နိုင်ငံခြားသားတွေလည်း အလာများတော့ လုပ်ဖြစ်သွားတာပါ” လို့ ဆိုပါတယ်။



ဒီနေရာကို နိုင်ငံခြားသား ဧည့်သည်တွေ အများအပြားလာရောက်တာကြောင့် စားသောက်ဆိုင်တစ်ခုလည်း ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ကိုကိုမြင့်က ပြောပါတယ်။

ဆိုင်ဖွင့်မယ် ဆိုရင် အရင်းအနှီးက အတော် ကြီးပါလိမ့်မယ်။

မဟာဗန္ဓုလပန်းခြံလမ်း ခေါ် ဘားလမ်း ဝန်းကျင်မှာ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံ၊ တရားရုံးချုပ် စတဲ့ ထင်ရှားတဲ့နေရာတွေ ရှိပါတယ်။

ဒီနေ့ခေတ်မှာ ဒီနေရာက မြို့အလယ်တည့်တည့် မဟုတ်တော့ပေမယ့် ဒီနေရာသွားမယ်ဆိုရင် ရန်ကုန်သူ ရန်ကုန်သားတွေက မြို့ထဲသွားမယ်လို့ ပြောတတ်ကြပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved