၂ဝ၁၅ အကြို မြင်ကွင်း

Wednesday, June 19, 2013


၂ဝ၁၅ ဆိုရင် ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း  ကုန်ပါပြီ။
နောက်တယောက်ကို ရွေးကြမှာပါ။

၂ဝ၁၅ က မကြာခင်မှာ ခုန်ပေါက်ပြီး ရောက်လာတော့မှာပါ။
သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း ပေါ်တင် ထုတ်ပြောသူတွေလည်း ရှိနေပါပြီ။

တချို့အတွက်တော့ ဒီတာဝန်ယူဖို့ လမ်းပွင့်နေပါတယ်။
တချို့အတွက်ဆိုရင်တော့ အခြေခံဥပဒေပြဋ္ဌာန်းချက်တခုက လမ်းပိတ်နေပါတယ်။
ဗေဒင်ဆရာတယောက်ကဆိုရင် ၂ဝ၁၅ ဘယ်သူ သမ္မတဖြစ်မယ် ဆိုတာကိုတောင် ဟောကိန်းထုတ်ထားပါသေးတယ်။ အဲဒီအကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ လင့်တွေက
- "၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ်" - စံဇာဏီဘို
- သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် 
ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ကာတွန်းဆရာ လဂွန်းအိန်ကတော့  ၂ဝ၁၅ အကြို မြင်ကွင်းတခုကို အထက်ပါအတိုင်း သရုပ်ဖော်ထားပါတယ်။

သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း ဖော်ထုတ်ပြောဆိုသူ ဒီထက် များလာရင်တော့ သရုပ်ဖော်ပုံက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာမှာ အသေအချာပါပဲလို့ ဆိုချင်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved