အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မြန်မာပြည်ရောက်နေ

Monday, June 3, 2013

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ Madeleine Albrigh ဟာ လူထု အခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့သလို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ 
ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ 

 အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စ Madeleine Albrigh၊ ဓာတ်ပုံ-www.nato.int

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာဖို့ ဇွန်လ ၂ ရက်နေ့က ရောက်နေတဲ့ Madeleine Albrigh ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိသလို သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သူဟာ မြန်မာနိုင်ငံကိုရောက်ဖူးသူဖြစ်ပြီး တခါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ဖူးသူလည်းဖြစ်ပြီး သူ အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တာဝန်ယူစဉ် က မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာ ထောက်ခံအားပေးသူလည်းဖြစ်ပါတယ်။




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved