ဗြိတိသျှ တပ်မတော်အကြီးအကဲ မြန်မာပြည် လာရောက်

Monday, June 3, 2013

ဗြိတိသျှ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်ဟာ မြန်မာနိုင်ငံသို့ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက အလည်အပတ်ရောက်ပါတယ်။

 ဗြိတိသျှ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်၊ ဓာတ်ပုံ- Sky News HD

အခုလို ဗြိတိသျှ တပ်မတော်အကြီးအကဲတဦးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ ၁၉၆၂ ခုနှစ် ဦးနေ၀င်းက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အလည်အပတ်လာရောက်တာဖြစ်ပါတယ်။ 

ဆာဒေးဗစ် ရစ်ချတ်ဟာ မြန်မာနိုင်ငံမှာ နောက်ထပ် ၂ ရက်ကြာ နေထိုင်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း မှာ မြန်မာ့ တပ်မတော် အကြီးအကဲတွေ၊ စစ်ဗိုလ်ချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိ သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဖို့ ရှိပါတယ်။ 

အခုလို ဗြိတိသျှ တပ်မတော်အကြီးအကဲ လာရောက်ဖြစ်လာတာကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက် က မြန်မာနိုင်ငံမှာ စစ် အုပ်ချုပ်ရေးတွေ အဆုံးသတ်ပြီး အရပ်သားအစိုးရတက်လာပြီး နောက်ပိုင်း 
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာလို့ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Sky News HD သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ 

ဗြိတိသျှ တပ်မတော်အကြီးအကဲတဦးအနေနဲ့ မြန်မာစစ်တပ်နဲ့ စစ်သားချင်း ဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေး ပုံစံမျိုး လုပ်တာဖြစ်မယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ 

ှဆာ ဒေးဗစ် ရစ်ချတ်အနေနဲ့ မြန်မာစပ်တပ်အကြီးအကဲတွေနဲ့ တွေ့ရင် ဘာတွေ ဆွေးနွေးကြမလဲ၊ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့ ဘာတွေဆွေးနွေးကြမလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ပါ။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved