မြန်မာ့ဆင်ဖြူကို ထိုင်းနိုင်ငံကို ငှားရမ်းရန် အစီအစဉ်မရှိ

Tuesday, June 18, 2013

 မြန်မာ့ဆင်ဖြူတော်ကို ထိုင်းနိုင်ငံသို့ ငှားရမ်းပြသလိုကြောင်း ထိုင်းနိုင်ငံဘက်က ကမ်းလှမ်းခဲ့ပေမယ့် 
မြန်မာဘက်က အဆိုပါ ဆင်ဖြူတော်ကို ငှားရမ်းရန် အစီအစဉ်မရှိကြောင်းနဲ့ ထိုင်းပြည်သူတွေအနေနဲ့ 
မြန်မာနိုင်ငံကို လာပြီး ဆင်ဖြူတော်ကို လာရောက် လေ့လာနိုင်အောင်စီစဉ်ပေးမှာသာဖြစ်ကြောင်း 
ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

 ၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ဆင်ဖြူတော် လက်ခံသည့်အခမ်းအနားတွင် တွေ့ရတဲ့ဆင်ဖြူ တကောင်၊ ဓာတ်ပုံ- အေပီ


မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ ချင်းမိုင်မှ ထိုင်းပြည်သူ များ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ယနေ့ ဖော်ပြထားပါတယ်။ 

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံ သို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း
နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။ 

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် Forum for East Asia-Latin America Cooperation Meeting သို့ တက်ရောက် ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက် ရှိစဉ် (၁၃-၆-၂၀၁၃) ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ သို့ ခြောက် လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်လိုကြောင်း၊ ချင်းမိုင် တိရိစ္ဆာန်ရုံ အား ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း (၂၀၀) ကျော်ရှိ ခဲ့သောကြောင့် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ သည်။ 

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေး မှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူ တော် အား အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန် အတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင် ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူတော် လေ့လာရေး ခရီးစဉ် ည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီး ချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကိုလည်း အထောက်အကူ ပြုစေနိုင် ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

ဘုရားလောင်း ဝေဿန္တရာဇာတ်တော်တွင် ဆင်ဖြူကြောင့် ရှင်ဘုရင်ဖြစ်သူ တိုင်းပြည်က နှင်ထုတ်ခံရတဲ့ အဖြစ်မျိုး ရှိခဲ့ပါတယ်။ 

ဘုရင် သက်ရှင် ထင်ရှားရှိတဲ့ ထိုင်းနိုင်ငံက ဆင်ဖြူရတနာ လက်ရှိမှာ မရှိပဲ ရှင်ဘုရင် မရှိတဲ့ မြန်မာနိုင်ငံ မှာတော့ ဆင်ဖြူတွေ တကောင်ပြီး တကောင် ပေါ်ထွန်းခဲ့ပြီး ယခင်က မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ ဟာ ဆင်ဖြူတွေကို စီမံကိန်းတခုအသွင်နဲ့ ရှာဖွေခဲ့ကြပြီး အထူး အလေးထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဖြူ ၅ ကောင် အထိ ရရှိထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ ဆင်ဖြူဆိုတာနဲ့ပတ်သက်ပြီး ဆင်ဆိုတာ တိရိစ္ဆာန်သာဖြစ်ပြီး ဆင်ဖြူဆိုတာနဲ့ပတ်သက်လို့  ခရုသင်းစွဲတာမျိုးပဲဖြစ်မယ်လို့ ဆိုခဲ့ဘူးပါ တယ်။  



အိမ့်သံစဉ် ~ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved