ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်ဦးလွင် လူထု မနက်ဖြန် တွေ့ဆုံရန် ရှိ

Saturday, June 8, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၉ ရက်နေ့ မှာ ပြင်ဦးလွင် ( မေမြို့) တွင် လူထုနှင့်တွေ့ဆုံကာ ဟောပြောပွဲ လုပ်ရန် အစီအစဉ် ရှိကြောင်း သိရပါတယ်။ 




ဒေါ်အောင်ဆန်းစုကြည်သည် လူထုနှင့်တွေ့ဆုံပွဲကို မနက်ဖြန် နေ့လယ် ၂ နာရီခန့်မှာ မဟာ အံ့ထူးကံသာ မီးပုံပျံ ကွင်းကြီးတွင် ပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း ပြင်ဦးလွင် NLD ပါတီဝင်တွေက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ ၃၀ ရက်နေ့က ဒီပဲယင်းသို့ သွားရောက်ရန် စီစဉ်ခဲ့ပေမယ့် အစီအစဉ် ပျက်ခဲ့ပါသေးတယ်။ 

ယခုကဲ့သို့ မေမြို့ ( ပြင်ဦးလွင် ) ဒေသခံများနှင့် တွေ့ဆုံရန် ရှိတဲ့အတွက် ဒေသခံများ ၀မ်းသာ အားတက်နေ ကြပြီး လုံခြုံရေး အထူးသတိထားနေကြကြောင်းလည်း မေမြို့ ဒေသခံတွေက ပြောပါတယ်။



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved