ဗြိတိန်က မြန်မာကို စာနာထောက်ထား အကူအညီပေးတာနဲ့ပတ်သက်လို့

Friday, June 21, 2013

မြန်မာအပေါ် ဗြိတိန်က ပေးတဲ့အထောက်အပံ့တွေဟာ အကျိုးရှိရှိ အသုံးပြုနေတာဖြစ်ပြီး ရလဒ်ကောင်း
တွေ ပေါ်ထွက် လာနေတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုး တက်ရေး ၀န်ကြီးဌာ ၀န်ကြီး Right Honourable Alan Duncane က မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက် တဲ့ အတွေ့အကြုံကို ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ 


သတင်းစာရှင်းလင်းပွဲကို မနေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်မှာလုပ်ခဲ့ပြီး ဗြိတိန်ရဲ့ မြန်မာအပေါ် လူသား ချင်း စာနာထောက်ထားခြင်း ဆိုင်ရာ အကူအညီပေးမှုတွေဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်
တွေ သွားခဲ့တဲ့ အတွေ့အကြုံ အရ အကောင်းဘက်ကို ဦးတည်လာနေတာဖြစ်ပြီး နောက်ထပ် ဘာ ဆက်လုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားနေတယ်လို့လည်း ၀န်ကြီးက ပြောသွားပါတယ်။ 

ဒုက္ခသည်တွေ နေရပ်ပြန်သွားနိုင်ဖို့အတွက် လူမှုအဖွဲ့အစည်းတွေကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရမှာ ဖြစ်တယ်လို့လည်း ဗြိတိန် ၀န်ကြီးက ဆိုပါတယ်။ 

ဗြိတိန်က မြန်မာကို ထောက်ပံ့တာ စတာလင်ပေါင်ပေါင်း ၆.၄ သန်းရှိသွားပြီဖြစ်ပြီး ပြီးခဲ့တဲ့ မေလက စတာလင်ပေါင် ၄.၄ သန်းပေးဖို့ ကြေညာခဲ့ပြီး လူဦးရေ ၈ သောင်းနီးပါးအတွက် ရေကောင်းရေသန့်နဲ့ ယင်လုံအိမ်သာတွေအတွက် ဖြစ် တယ်လို့ ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ဗြိတိန်ရဲ့ အထောက်အပံ့တွေနဲ့ မွေးကင်းစက ၅၉ လ သားအထိ အဟာရ ချို့တဲ့ ကလေးသူငယ် ၄ သောင်း လောက် အတွက် တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့တယ်လို့ လည်း 
ဖော်ပြထား ပါတယ်။ 

ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စတာလင်ပေါင် ၁.၅ သန်းအသုံးပြုမှာဖြစ်ပြီး ဒုက္ခသည်တွေ အတွက် ဗြိတိန် က အလှူငွေ စတာလင်ပေါင် ၃.၅ သန်း ရှိတာမို့ ဗြိတိန်ဟာ အများဆုံး အလှူရှင်နိုင်ငံဖြစ် တယ်လို့ ဗြိတိန် ၀န်ကြီးက ပြောသွားပါသေးတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved