ကလေးတို့အတွက် မင်းသားတွေ ဘောလုံးကန်မယ်

Wednesday, June 5, 2013


အထင်ကရသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့  ဘိုင်စကုပ်မင်းသားများဘောလုံးအသင်းက ပုသိမ်မြို့မှာရှိတဲ့ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေရဲ့ ရန်ပုံငွေအတွက် တနင်္ဂနွေနေ့မှာ ဘောလုံးကန်ပါတော့မယ်။

ဘာသာပေါင်းစုံ မိဘမဲ့ကလေးတွေရံပုံငွေအတွက် မင်းသားတွေ ဘောလုံးကန်ကြမယ်

မင်းသားတို့ရဲ့ ပြိုင်ဘက်အသင်းကတော့  ဧရာဝတီ Old Stars  (တိုင်းလက်ရွေးစင်ဟောင်းများ ဘောလုံးအသင်း) ဖြစ်ပါတယ်။

“ရလာတဲ့အကျိုးအမြတ် အားလုံးကို ဘာသာလူမျိုး မခွဲခြားဘဲ လှူဒါန်းသွားမှာပါ” လို့ ဧရာဝတီ Old Stars အသင်း အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ ဧရာဝတီ Old Stars အသင်းအနေနဲ့ ခုလို မိဘမဲ့ကလေးတွေ ရံပုံငွေရရှိအောင် ကိုယ်တတ်စွမ်းသလောက် ကူညီခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။
ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးက မိဘမဲ့ကလေးတွေအတွက် ရုပ်ရှင်သရုပ်ဆောင်တွေက စာနာနားလည် ကူညီပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်” လို့ Old Stars အတွင်းရေးမှူး က ဆက်ပြောပါတယ်။
Old Stars FC
ရန်ပုံငွေဘောလုံးပွဲကို ပုသိမ်မြို့ ကိုးသိန်းဘောလုံးကွင်းမှာ ကျင်းပပြုလုပ်မှာပါ။

မိဘမဲ့ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ပျိုးထောင်ပေးနေတဲ့ ပုသိမ်မှဂေဟာများ 

ဗုဒ္ဓဘာသာ  ဂေဟာ ခု
ခရစ်ယာန် ဂေဟာ ခု
အစ္စလမ် ဂေဟာ ခု

 ဘိုင်စကုပ်မင်းသားများအသင်းမှာ ရာဇာနေ၀င်း၊ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း (Examplez)၊ မိုးယံဇွန်၊ ဇာနည်၊ ဇာတ်မင်းသား ဖိုးချစ်၊ မင်းသွေး  အစရှိတဲ့  နာမည်ကျော် အနုပညာရှင်တွေ ပါဝင်ကစားကြမှာဖြစ်ပါတယ်။ 

 ဘောလုံးပွဲကျင်းပတဲ့နေ့မှာ နာမည်ကျော် တေးသံရှင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက နံနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲအထိ Café Café ဆိုင်မှာ အမှတ်တရ လက်မှတ်ထိုးပေးမှာပါ။

 နေ့လယ် ၂ နာရီကစတင်ပြီး အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာဖြစ်ပြီး ညနေ ၄ နာရီမှာ ဘောလုံးပွဲစတင်ပါမယ်။ 

ပျော်ကြမယ်၊ ကန်ကြမယ်

ဘောလုံးပွဲလက်မှတ်တစောင်ကို ကျပ်  ၂,၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved