ရန်ကုန်က ABC ကုန်စုံဆိုင်တခုမှာ ဈေးဝယ်ရင်း ပန်းသီးပုံကပ်ထားတဲ့ အလှူခံပုံးလေးတစ်ခုကို သတိပြုမိကြမှာပါ။
ဈေးဝယ်သူတချို့ လှူကြတာကိုလည်း တွေ့ရမှာပါ။
ABC convenient store အားလုံးမှာ ဒီအစီစဉ်ကိုဆောင်ရွက်နေတာပါ တဲ့။
ဒီအစီစဉ်ကိုဆောင်ရွက်တဲ့ ပန်းသီးဖောင်ဒေးရှင်းရဲ့ အဓိကရည်ရွယ်ချက်က မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဘုန်းတော်ကြီးသင်နဲ့ သီလရှင်သင် ပညာရေးကျောင်းများ၊
မိဘမဲ့ဂေဟာများမှာ ပညာသင်ကြားနေတဲ့ကလေးများ အားလုံးကို အသည်းရောင် အသားဝါ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ အတွက်ပါပဲ။
ဖောင်ဒေးရှင်းကို မတည်ထောင်ခင် ၂ဝဝ၄-၂ဝဝ၅ ခုနှစ်များ ကတည်းက မိဘမဲ့ဂေဟာနဲ့ ဘုန်းတော် ကြီးသင် ပရဟိတကျောင်းများမှာ ရှိတဲ့ ကလေးတွေအတွက်
အဝတ်အစား၊ စာရေးကရိယာ၊ အစာအဟာရ၊ ကျန်းမာရေး ဆေးအလှူတွေကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၂ဝ၁၁ ခုနှစ်မှာ ပန်းသီးဖောင်ဒေးရှင်းကို ဦးဇော်လတ် ဆိုသူက ဦးဆောင် တည်ထောင်ခဲ့တာပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq35kLED_Bj2AF5eIY-V0cQk6ESIRTiLWjRmAhmZD3bBLLqyIzmY9qR8CZIOVHTuWPs955kMc41QbX_cNQOVC21kC7ljef0HhjfOOA083lAo5eZl3N3YEbQQt2IpJzJ8t7LoWGJolW8vo/s1600/zye+%28Custom%29.jpg)
၂ဝ၁၂ ခုနှစ်ဇူလိုင်လမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဘက ကျောင်း(၁၉၆) ကျောင်း၊
အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ အတိအကျ ပြောရရင် ဆရာ/ဆရာမနဲ့ ကလေးငယ်ပေါင်း (၅၃,၇၁၅)ကို ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။
ပန်းသီးဖောင်ဒေးရှင်းရဲ့ အထွေထွေအတွင်းရေးမှုး ဒေါ်ယဉ်ယဉ်ငြိမ်းက မကြာခဲ့ပြုလုပ်မယ့် အစီအစဉ်တခုကို ပြောပါတယ်။ အဲဒါကတော့ ရှေ့လ (၁)ရက်နေ့မှာ စတင်ပြီး ဘကကျောင်း (၅၃) ခုမှာ ရှိတဲ့ ကလေးအယောက် တသောင်းကျော်ကို ကာကွယ်ဆေးထိုးမယ် ဆိုတဲ့ အစီအစဉ်ပါပဲ။
မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနဲ့ သီလရှင်ပညာရေးကျောင်းတွေမှာရှိတဲ့ ကလေးငယ်များအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝ အခွင့်အလမ်း၊ မျှော်လင့်ချက် ရောင်ခြည်နဲ့ကျန်းမာ သန်စွမ်းပြီး ပျော်ရွှင်ချမ်းမြေ့မှုရရှိစေရေးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပန်းသီးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
စေတနာဒါန၊ ဆေးဒါနအလှူအဖြစ်ပါဝင်လိုရင်ဖြင့်
ဘီပိုးကာကွယ်ဆေး ကလေး ငယ်တစ်ဦးအတွက် ကျပ် (၂၅,ဝဝဝ) ဖြစ်ပြီး
ဆရာ/ဆရာမ တဦးအတွက် လစာငွေက (၆ဝ,ဝဝဝ) ဖြစ်ပါတယ်။
ABC Convenient Store မှာ ဈေးဝယ်ရင်း အလွယ်တကူ လှူလို့ရမှာပါ။
ပန်းသီးဖောင်ဒေးရှင်း ရဲ့ ဝက်ဆိုဒ်လိပ်စာက www.applemmr.com ဖြစ်ပါတယ်။
ဝ၁ - ၅၆ဝ ၈၅၆၊ ဝ၉ - ၅ဝ၆ ၈၃၂၄ တို့ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
.
0 comments :
Post a Comment