လေထဲမှာ ဒရမ်တီးပြသူ ယူကျုမှာ စံချိန်တင်

Friday, July 26, 2013

ထိုင်းအမျိုးသားတယောက်ရဲ့ ယူကျူပေါ်က ဗီဒီယိုကို ၅ ရက်တာအတွင်း ကြည့်ရှုသူပေါင်း ၁ သိန်းကျော် ရှိသွားပါတယ်။ 


လေထဲမှာ ဒရမ်းတီးပြနေသူ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

သူက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောင်စုံမြေဖြူတွေသုံးပြီး နံရံတခုမှာ ဒရမ်တီးဝိုင်းသဏ္ဍန် ရေးဆွဲပြီး ရော့ခ် ဂီတကို တီးခတ် ပြတာပါ။ 

Weerachat "Note" Premananda ဆိုတဲ့ တီးကွက်နဲ့ Nakhon Pathom Rajabhat တက္ကသိုလ်က ဂျက်ဇ် ဒရမ်မာ၊ ဂီတ ဆရာက သရုပ်ဆောင်တီးခတ်ထားတာဖြစ်ပါတယ်လို့ ဘန်ကောက်ပို့စ် သတင်းတခု မှာ ဖော်ပြပါတယ်။ 

ယူကျူမှာ တင်ဆက်ထားတဲ့ ဗီဒီယို နာမည်ကလည်း Rez Power - Israel & New Breed (Drum Wall) - Note Weerachat ပါ။


ထူးခြားတာက တကယ့် တီးကွက်နဲ့ နံရံပေါ်က ၄ ဘက်မြင် ရောင်စုံမြေဖြူသုံး ပန်းချီ နဲ့ တကယ့် ဟန်ချက် ညီညီ ကွက်တိ တီးခတ်ပြထားတာ အံ့သြမှင်သက်ဖွယ်မြင်တွေ့ရပါတယ်။ 

လေထဲမှာ ဒရမ်းတီးခတ်ပြတဲ့ အဲဒီပြကွက်တွေအတွက် နံရံပေါ်မှာ ရောင်စုံမြေဖြူနဲ့ ဒရမ်တီးဝိုင်းပုံ ရေးဆွဲမှု ကို မြင်ကွင်း ရှုထောင့် ၄ ဘက်မြင် ရေးဆွဲထားပါတယ်။ ရိုက်ကူးတင်ဆက်မှု အနုပညာကလည်း သေချာ စနစ်တကျ အံ့သြလောက်အောင် ဖန်တီးထားတာလည်းဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို ကွန်မန့်တွေထဲမှာ "liked" လုပ်ထား မှု အများဆုံးဖြစ်ပါတယ်။ 

အဲဒီအထဲက Matana Chaiwandee ဆိုသူက "This is world class air drumming." လို့မှတ်ချက်ပေး ထားပါတယ်။ 

လေထဲမှာ ဒရမ်တီးခတ်သူ လို့ အများစုကလည်း မှတ်ချက်ပြုကြပြီး ဒါဟာ ထိုင်းအိုင်ဒီယာဖြစ်ပြီး ဘယ်သူ့ ဆီကမှ ကော်ပီ လုပ်ထားတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ တချို့ဝေဖန်သူတွေကတော့ ဒါကို သဘော မတူကြပါဘူးတဲ့။ သူ့ရဲ့ လေထဲမှာ ဒရမ်တီးခတ်မှုကို ရှုစားကြည့်ပါအုံး။ 


 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved