အငြင်းပွားဖွယ် ကော်ဖီဆိုင်

Friday, July 26, 2013


အင်ဒိုနီးရှားမှာ ကော်ဖီဆိုင်တခုဟာ နာဇီတံဆိပ်တွေတပ်ထားလို့ အငြင်းပွားဖွယ် ဖြစ်နေပြီး  ပြည်တွင်း/ပြည်ပဖိအားတွေ ပေးတာကို အပြင်းအထန် ခံနေရပါပြီ။

(Photo: Jakarta Globe / Yuli Krisna)
အာဏာပိုင်တွေက တနင်္လာနေ့မှာ ဆိုင်ပိုင်ရှင်နဲ့ တွေ့ဆုံတယ်၊  Soldatenkaffee  ဆိုတဲ့ ကော်ဖီဆိုင်ရဲ့  အနေအထားကို ပြုပြင်ဖို့ အာဏာပိုင်တို့က ဖိအားပေးခဲ့ပါတယ် တဲ့။
ဆိုင်ဖွင့်လာတာ ၂ နှစ် ရှိပါပြီ။ဆိုင်ရှင်က နာဇီထောက်ခံသူတော့ မဟုတ်ပါဘူး တဲ့။နာဇီတံဆိပ်၊ ဟစ်တလာပုံတို့ကို သုံးခဲ့တာကတော့ ဆိုင်ကိုလာတဲ့သူတွေကို ဆွဲဆောင်ဖို့အတွက်လို့ ပြောပါတယ်။
သူ့စိတ်ကူးက အလုပ်ဖြစ်ပါတယ်။ အခုတော့ သူ့ဆိုင်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်စရာ ဖြစ်နေပါပြီ။

သတင်းမူရင်းကို www.irrawaddy.org/archives/40568 မှာ ဖတ်နိုင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved