( မြို့)....
ရန်ကုန်မြို့တွင်း မြင်ကွင်းတခု၊ ဓာတ်ပုံ- ဇွဲထက်/ ဧရာဝတီ
"မြို့"
"မြို့"
သစ်ကိုင်းခြင်းပွတ်တိုက်သံ
မွန်းတည့်ချိန်တွေကျော်ဖြတ်ဘူးတဲ့
ခွေးလေခွေးလင့်ဟောင်သံ
သရိုးဆွေးတို့ခိုးကြွေကျသံ
တစီစီနဲ့
အိပ်ဆေးသောက်ရပေါင်းများပေါ့....
မြို့မှာသွေးကင်ဆာရှိကြောင်း
မြို့သိသွားတယ်..
ခုတလောမြို့မှာ
နေဘက်ဆိုအတိတ်စိမ်းတွေ စိမ့်ထွက်ပြီး
ညဘက်ဆိုသားပျောက်ရှာတယ်...
ဒါရိုက်တာ စိတ်တိုင်းမကျလို့
ကြွေပန်းကန်တွေအကြိမ်ကြိမ် ချခွဲလိုက်ရ
အလွမ်းဖွဲ့ဇာတ်ကား...
ဒီမြို့မှာလူကြိုက်များတယ်..
အဲ့ဒီကစမြို့သူမြို့သားတွေ
ကြေအေးတမ်းကစားတက်လာရော...
သိပ်မကြာသေးဘူး
မြို့မှာ
တစ်ယောက်ကဧကစာရီကျင့်ပြီး
တစ်ယောက်ကသူ့ အသုဘ သူခိုးချသွားလေရဲ့
ဆရာဝန်တောင်ဆေးခိုးကုရတဲ့အထိ
ယဉ်ကျေးမှုနိမ့်ကျနေတဲ့မြို့
မြို့ကိုကြက်သွန်နံ့တွေအလည်လာတယ်
တခြားမြို့ကိုကြက်သွန်နံ့တွေအလည်သွားတယ်...
အလင်းလုသူ
မြေလုသူ
ကိုယ့်အသက် ကိုယ်ပြန်လုသူ နည်းနည်းကလွဲလို့
ဒီမြို့မှာ ဖီဒယ်ရားမို့စ် မရှိ
ဒီကလပ်မရှိ
ယစ်ဇက်ရာဘင် မရှိ
မရှိ ... မရှိ ... မရှိ..
တစ်ခုတော့ရှိရဲ့
ညအုပ်ကြီး ဒို့အရေးအော်ပြီဆို
သူ့မျက်နှာ ကိုယ်ကြည့် ကိုယ့်မျက်နှာ သူကြည့်
မြို့နေတွေ မျက်ရည် အတိနဲ့...
( ဇော်မင်း - ၁၁၆၆၆ )
0 comments :
Post a Comment