စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ပြီးတော့ .... SB လို့ ခေါ်တဲ့ နာမည်ကြီး ရဲထောက်လှမ်းရေးအဖွဲ့။
ဒါက ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားတဲ့ http://www.irrawaddy.org/archives/40886
In Burma, Internal Spy Network Lives On ဆောင်းပါးမှာ ရေးထားပါတယ်။
သိပ်မကြာသေးခင် AP သတင်းသမားတွေ မိတ္ထီလာ သွားတုန်းကတော့ စောင့်ကြည့်ထောက်လှမ်းသူတွေက နေရာတကာမှာ ရှိနေတယ်၊ နောက်ကနေလည်း ဆိုင်ကယ်နဲ့ လိုက်တာ ခံရပါတယ်။
သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်ကတော့ - SB တွေက စာနယ်ဇင်းသမားတွေကို စောင့်ကြည့်တာတွေ မလုပ်တော့ပါဘူး တဲ့။
သို့သော်လည်း စောင့်ကြည့်တာတွေကတော့ သေချာပေါက် ရှိနေတာပါ။
ဒီနှစ်ဆန်းပိုင်း AP သတင်းအဖွဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းကို သွားတော့လည်း စောင့်ကြည့်ပါတယ် -
ဘာကြောင့် စောင့်ကြည့်တာလဲ ဆိုတဲ့ မေးခွန်းကို ရဲဗိုလ်မှူး ဇော်မင်းဦးက အခုလို ဖြေပါတယ်...
"ခင်ဗျားတို့ ဘာလုပ်တယ်၊ ဘယ်သူနဲ့ တွေ့တယ်၊ ဘာစားတယ် ဆိုတာ မှတ်တမ်းတင်ဖို့ လိုတယ်။ ခင်ဗျားတို့က ကျနော်တို့ရဲ့ ဧည့်သည်တွေပဲ" တဲ့။
မူရင်းဆောင်းပါးကို http://www.irrawaddy.org/archives/40886 မှာ ဖတ်နိုင်ပါတယ်။
.
0 comments :
Post a Comment