ဒီနှစ်ကုန်မှာ ယုံကြည်ချက် အကျဉ်းသားဆိုတာ ရှိတော့မှာ မဟုတ်ဘူး

Tuesday, July 16, 2013

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကျန်ရှိနေတဲ့ ယုံကြည်ချက် အကျဉ်းသား ( နိုင်ငံရေးအကျဉ်းသား ) နဲ့ ပတ်သက်ပြီး ဒီနှစ်ကုန်ပိုင်း တယောက် မကျန် အကုန် ပြန်လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဗြိတိန်ခရီးစဉ်အတွင်းမှာ  အာမခံ ကတိပေး ပြောလိုက်ပါတယ်။ 

 လန်ဒန်ရောက် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- Ye Htut

သမ္မတ ဦးသိန်းစိန်နဲ့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့ဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာ လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်း လမ်းက ၀န်ကြီးချုပ်နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီနောက် လန်ဒန် က အကြံပေးပညာရှင်များအဖွဲ့တခုဖြစ်တဲ့ Chatham House မှာ အဲဒီလို ကတိပေး
ပြော တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေလည်း ဒီ ရက်သတ္တပတ်တွေအတွင်း ဖြစ်နိုင်အောင် လုပ်ဆောင်သွားမှာ လို့ ပြောသွားခဲ့တာကို ရိုက်တာ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ 

“မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းမှာ ယုံကြည်ချက် အကျဉ်းသားဆိုတာ တဦးတလေမှ ရှိတော့မှာ မဟုတ်ဘူး လို့ ကျနော်အနေနဲ့ ခင်ဗျားတို့ကိုကို အာမခံတယ်” လို့ သမ္မတ ဦးသိန်းစိန်က လန်ဒန်က Chatham House က ပရိတ်သတ်ရှေ့ မှာ ပြောလိုက်ပါတယ်။ 

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးတွေအတွက်လည်း ဦးသိန်းစိန် က ပြောဆိုပါတယ်။ 

“မြန်မာနိုင်ငံတ၀ှန်းမှာံ နှစ်ပေါင်း ၆၀ လောက် ဖြစ်ပေါ်နေတဲ့ သေနတ်သံတွေဟာ ဆိပ်သုဉ်း သွားပါ
တော့မယ်။ ကျနော်တို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လာမယ့် ရက် သတ္တပတ်
တွေအတွင်းမှာ ဖော်ဆောင်သွားမှာပါ ”လို့ သမ္မတက ပြောပါတယ်။ 

ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းကတော့ သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက် မှုတွေနဲ့ပတ်သက်ပြီး အဓိက ဖိအားပေးပြောဆိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က လူနည်းစု မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အလေးပေး 
ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

“ကျနော်တို့ဟာ ရာစုနှစ်ဝက်လောက် စစ်အုပ်ချုပ်ရေး၊ တပါတီအာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို သွားဖို့ အသွင် ကူး ပြောင်း ရေးအတွက်ကလွဲလို့ ကျန်တဲ့ ရည်ရွယ်ချက် ဘာမှ မရှိဘူး” လို့ ဦးသိန်းစိန် က ပြောပါတယ်။ 


အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    I don't think he is a man of his word!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved