ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပန်းခြင်းချ

Friday, July 19, 2013

 
မြန်မာပြည်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ ၂ နှစ် ရှိပါပြီ။
ဒီစနစ်က ပြည်မြို့မှာ အတော်လေး အလုပ်ဖြစ်နေဟန် ရှိပါတယ်။
ဒီအကြောင်း ပြည်မြို့က သတင်းထောက် ကိုဘရှီး ပေးပို့ထားတဲ့ သတင်းကို တင်ဆက်လိုက်ပါတယ်။


(၆၆)နှစ်မြောက်အာဇာနည်နေ့ကို ပြည်မြို့တွင် သိုက်သိုက်ဝန်းဝန်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

             အာဇာနည်နေ့မတိုင်မီ ည(၁၀း၃၀)ခန့်လောက်က ဟန်းစပီကာတလုံးနှင့် လူနှစ်ယောက်က- ဇူလိုင် ၁၉ တွင် မြို့လယ်  ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်သို့ သွားရောက်ပြီး         လွမ်းသူ့ပန်းခွေမချရ၊  ချလျှင်ပုဒ်မ(၁၈၈)ဖြင့် အရေးယူခြင်းခံရမည်ဟု -နေရာတချို့တွင် လိုက်လံအော်ဟစ် ကြေညာခဲ့ကြသဖြင့် အာဇာနည်နေ့ ရောက်သည့်အခါ မြင်းစီးကျောက်ရုပ် တွင် မည်သူမှပန်းခွေမချခဲ့ကြသည်ကို တွေ့ရှိရပါသည်။

 ယမန်နှစ်ကပန်းခွေချအလေးပြုခဲ့ကြသော အဖွဲ့အစည်းလူပုဂ္ဂိုလ်များကိုလဲ မြို့နယ်ရဲတပ်ဖွဲ့မှုး၊  စခန်းမှုးများက ယခုနှစ်မှာ ပန်းခွေမချဖို့ရန် ခေါ်ယူ သတိပေးခဲ့ကြောင်း NLD ပါတီမှ ကိုကျော်ဆန်းက ပြောပြပါသည်။

          တရားလွှတ်တော်ရှေ့နေ၀တ်ရုံကြီးကိုဝတ်ဆင်ထားသော- တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး၊  သူ့ တပည့်မ ရှေနေတို့နှစ်ဦးတည်း တက်ရောက် ပန်းစည်းချအလေးပြုခဲ့ပါသေးသည်-
သူ့အနေနှင့် အစဉ်အလာကို ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ဖို့က မိမိတို့ တာဝန်ဖြစ်ကြောင်း၊  အခုလဲ ပန်းခွေချလျှင်အရေးယူမည်ဟု ဆိုသဖြင့် ပန်းစည်းချရခြင်းဖြစ်ကြောင်း ပြောပြပါသည်။

        ပြည်မြို့ NLD ပါတီ ရွာဘဲရုံးဉ်နံနက်(၆)နာရီတွင်ဘုန်းကြီးဆွမ်းကပ်ပြီး၊  အာဇာနည်ခေါင်းဆောင်ကြီး(၉)ယောက်၏ ထေရုပတ္တိ ဖတ်ကြားခြင်း၊
အောက်မေ့ဖွယ်ရှေး ဟောင်းနှောင်းဖြစ်များပြောဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက်  မြို့ထဲသို့
  • ဗိုလ်အောင်ဆန်းစစ်ကြောင်း၊
  • သခင်မြစစ်ကြောင်း၊
  • ဦးရာဇတ်စစ်ကြောင်း၊
  • မန်းဘခိုင်စစ်ကြောင်း၊
  • ဒီးဒုတ်ဦးဘချိုစစ်ကြောင်း၊
  • ဦးဘ၀င်းစစ်ကြောင်း၊
  • မိုင်းပွန်စော်ဘွားစဝ်စံထွန်းစစ်ကြောင်း၊
  • ဦးအုန်းမောင်စစ်ကြောင်း၊
  • ရဲဘော်ကိုထွေးစစ်ကြောင်း-
စသဖြင့်စစ်ကြောင်းကြီး (၉)ကြောင်းဖြင့် ချီတက်ခဲ့ကြသည်။

 မြို့လည်မြင်းစီးကျောက်ရုပ်တွင် ခေတ္တခဏ  အလေးပြုပြီးနောက် အာဏာပိုင်အဖွဲ့အစည်းတို့ သတ်မှတ်ထားသော- မြို့ပြင်ဘော်လုံးကွင်းတွင် သွားရောက်ပန်းခွေချခဲ့ပြီးမနက်(၁၁)နာရီတွင်အခမ်းအနားပြီးဆုံးခဲ့ကြပါသည်။



ချီတက်အလေးပြုသူအင်အား တထောင်ခန့်ရှိပြီး-မြို့ပြင်ဘော်လုံးကွင်းတွင်- ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာများပါတက်ရောက် အလေးပြုခဲ့ကြပါသည်။

         ရပ်ကွက် မီးသတ်တပ်ဖွဲ့တခုမှ ကိုအောင်သိန်းက- သူတို့ကတော့(၁၀း၃၇)မှာ ဥသြဆွဲချင်တယ်-ဒါပေမဲ့ တပ်စုမှုးဆီက လုံးဝ ခွင့်ပြုမိန့်မရဘူး ဟုပြောပြပါသည်။ 

             ဒီမိုကရေစီခေတ်ရောက်နေပြီဆိုပြီး မြို့လယ် မြင်းစီးကျောက်ရုပ်မှာ အခုလိုပိတ်ပင်တားဆီးတာက အရမ်းကို ရုပ်ဆိုးလွန်းပါတယ်-
ဒါကပြည်မြို့သူ/သားတွေရဲ့ငွေကျေး     နဲ့တည်ဆောက်ထားတဲ့ အောက်မေ့ဘွယ်ရုပ်ထုဖြစ်တယ်-
တတိုင်းပြည်လုံးရဲ့ ခေါင်းဆောင် ကျေးဇူးရှင်လဲဖြစ်တယ်-
ဒါကို တားဆီး ပိတ်ပင်တာကတော့ သူတို့ကို ဘယ်လိုကင်ပွန်းတပ်ရမလဲဆိုတာသာ တွေးကြည့်ပါတော့လို့ အောင်မင်္ဂလာဈေးမှဈေးသည်- ကိုစိုးနိုင်က ပြောပြပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved