နစက ကို အကြောင်းပြချက် မရှိ ဖျက်သိမ်းပြီ

Saturday, July 13, 2013

မြန်မာနိုင်ငံမှာ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် ( နစက ) ဆိုတာကို သမ္မတ ဦးသိန်းစိန် က လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၁၂ ရက်နေ့စွဲနဲ့ ဖျက်သိမ်းလိုက်ပါပြီ။ 


တချိန်က နယ်စပ် တခွင်မှာ တန်ခိုးထွားခဲ့တဲ့ အဖွဲ့လို့ နစက ကို လူသိများပါတယ်။ ဘာကြောင့် နစက ကို ဖျက်သိမ်း လိုက်တယ်ဆိုတာကို ဘာမှ ဖော်ပြမထားပါဘူး။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အစီရင်ခံစာ နဲ့များ ပတ်သက်နေသလားလို့ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။ 

နစက ကြောင့် တာဝန်ခံသူတွေ ကြီးပွားချမ်းသာသွားကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး နစက အဖွဲ့ဟာ လာဘ်ပေး၊ လာဘ်ယူမှု နဲ့ ပတ်သက်တဲ့နာမည်ပျက် သတင်းတွေ တော်တော် ထွက်ခဲ့တာပါ။ 

အခုလိုဖျက်သိမ်းမှုဟာ လာဘ်ပေး၊ လာဘ်ယူမှုနဲ့ပတ်သက်လို့ စံပြအဖြစ် သမ္မတ ဦးသိန်းစိန် ရဲ့ ကတိပေး ထားမှုကို အထင်အရှား အကောင်အထည်ဖော်ပြလိုက်တာလားလို့လည်း အကောင်းမြင်သူတွေ က 
ပြောကြပါတယ်။ 

အခုလို ဖျက်သိမ်းလိုက်တာဟာ တချို့ အမှားအယွင်းတွေကို နစက နဲ့အတူအဆုံးသတ်သွားအောင် လုပ်ဆောင်တာလို့လည်း ဝေဖန်မှုတွေ ရှိပါတယ်။

နစက ကို ဖျက်သိမ်းလိုက်တဲ့အတွက် နစက ကိုင်တွယ် တာဝန်ယူခဲ့တဲ့ နေရာမှာ ရဲတပ်ရင်းတွေက တာဝန် ယူမယ့် လက္ခဏာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ 

အပြည့်အစုံကို သမ္မတရုံးအင်တာနက် စာမျက်နှာက ကူးယူဖော်ပြပေးလိုက်ပါတယ်။  


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊    ၅၉  /၂၀၁၃
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း  ၅  ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ  ၁၂  ရက်)
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

 နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်း လိုက်သည်။

                                                                                                       (ပုံ)                           
သိန်းစိန်                
နိုင်ငံတော်သမ္မတ          
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်




အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    နစက အောင်ကြီးဘယ်မှာလဲ?...ဘယ်အဖွဲ့အစည်းကိုဖျက်ပြီး..ဘယ်အဇွဲ့အစည်းကိုအသစ်ဖွဲ့ဖွဲ့...လာဘ်စားမဲ့လူတွေချည်ဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved