ဓာတ်ပုံမြို့တော် ရန်ကုန်မှာရှိတယ်

Saturday, July 6, 2013


ရန်ကုန်မြို့မှာ  တည်ထောင်ထားတဲ့  Photo City Image Bank နဲ့ မိတ်ဆက် ပေးချင်ပါတယ်။

    ၁၉၉၇ ခုနှစ်မှာ Photo City ကို စတင်တည်ထောင်ပါတယ်။ စတင်တည်ထောင်သူတွေကတော့ နာမည်ကြီးဓာတ်ပုံဆရာတွေထဲမှာ အပါအ၀င်ဖြစ်ကြတဲ့  ဦးထင်လင်း(Golden Arrow)၊ ဦးသန်းအောင်(Photo City)၊ ဦးမြ၀င်း(City Rays)၊ ဦးမိုးမင်း(Rays)၊ ဦးဖေမြင့်ဦး တို့ ဖြစ်ကြပါတယ်။

    “ဓာတ်ပုံတွေကို ထိန်းသိမ်းနိုင်ဖို့၊ ပြသနိုင်ဖို့နဲ့ ဓာတ်ပုံပညာရှင်တွေ ထိုက်တန်တဲ့ငွေကြေးရရှိဖို့ ပြီးတော့ ဓာတ်ပုံလောက တိုးတက်ရေးအတွက်ပါ” လို့ Photo City ကိုတည်ထောင်ရခြင်းနဲ့ပက်သတ်ပြီး ဓာတ်ပုံဦးမိုးမင်းက ရှင်းပြပါတယ်။

    ယခင်ကာလများက ဓာတ်ပုံဆရာကြီးတွေရဲ့ဓာတ်ပုံတွေဟာ အခုချိန်မှာ ကျန်ရှိသင့်သလောက် မတွေ့ရတော့ပါဘူး။  ဒါမျိုး မဖြစ်ရအောင် ဓာတ်ပုံဆရာတွေရဲ့လက်ရာတွေကို တစ်နေရာတည်းမှာ စုစည်းထားရှိနိုင်ဖို့ Photo City က ကြိုးစားဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

    အခုလက်ရှိအချိန်မှာ ဓာတ်ပုံပညာရှင်အယောက်(၆၀)ကျော်ရဲ့ ပုံပေါင်း ၃၀,၀၀၀ ကျော် Photo City Image Bank မှာ ရှိနေပါတယ်။
ဒီပုံတွေကို  မဂ္ဂဇင်း၊ ပြက္ခဒိန်၊ ကုမ္ပဏီကြော်ငြာတွေ မှာအသုံးပြုနိုင်ဖို့ Photo City ကနေ ၀န်ဆောင်မှုပေးနေပါတယ်။

ဒါ့အပြင်Website တွေမှာ သုံးဖို့နဲ့ ဓာတ်ပုံ ကြော်ငြာတွေ လက်ခံရိုက်ကူးပေးတာ၊ ၀ယ်ယူစု ဆောင်းသူတွေ အတွက်ကိုလည်း  ဆောင်ရွက်ပေးနေပါတယ်။

ဓာတ်ပုံအသုံးပြုခွင့်နဲ့ပက်သက်ပြီး “Photo City က ဓာတ်ပုံတွေကို One use (တစ်ခါသုံး) ပဲ သုံးခွင့် ပြု ပါတယ်။
 နောက်ထပ် တစ်နေရာ မှာသုံးမယ်ဆို Photo City ကို အသိပေးရပါမယ်။ ဓာတ်ပုံဆရာနဲ့ပြန်ဆက်သွယ်ဖို့ လိုပါတယ်။ 
ဒါမှဓာတ်ပုံဆရာ အနေနဲ့ ထိုက်တန်တဲ့ငွေကြေးရရှိမှာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံကို အမျိုးမျိုးသုံး မယ်ဆိုရင် ဓာတ်ပုံဆရာအတွက် နစ်နာတယ်။
ဓာတ်ပုံကောင်းတစ်ပုံဖြစ်လာဖို့တွက်က ဓာတ်ပုံဆရာတွေ ဘက်က အများကြီး ကြိုးစားရင်း နှီးထား ရတာကြောင့်ပါ” လို့ Photo City မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Photo City မှာ အသင်းဝင်ချင်ရင် ပုံတွေ ပေးပို့နိုင်ပါတယ်။
တစ်နှစ်ကို ဆင်တူယိုးမှားမဟုတ်တဲ့ပုံ (၁၅)ပုံပေးတဲ့သူကိုတော့  Active Member အဖြစ်သတ် မှတ်ပြီး Photo City ကနေ ကျင်းပတဲ့ ပြပွဲတွေမှာ ပြသခွင့်ရမှာဖြစ်တယ်။

အခုအချိန်မှာ Photo City ကို ဦးထင်လင်း၊ ဦးသန်းအောင်၊  ၊ ဦးအောင်ပြည့်စုံ၊ ဦးမြ၀င်း၊ ဦးမိုးမင်းတို့က ဦးစီး ဆောင်ရွက်လျက်ရှိပါတယ်။

       ဓာတ်ပုံမြို့တော်ကိုသွားချင်ရင်တော့  အမှတ် ၁၆၄၊ ဒုတိယထပ်၊ အနော်ရထာလမ်း၊ ကျောက်တံတား မြို့ နယ် မှာPhoto City ရှိပါတယ်။
၀၉ ၇၃၀ ၁၅၈၀ ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

ရွက်စိမ်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved