တူရကီမှာ ဗလီပြန်ဖြစ်မယ့် ရှေးဟောင်းဘုရားကျောင်း

Wednesday, July 31, 2013


တူရကီနိုင်ငံ  Trabzon မြို့မှာ ရှိတဲ့ သက်တမ်းရင့် ခရစ်ယာန်ဘုရားကျောင်းတခုကို မူဆလင်တို့ရဲ့ ရာမဒန်ဥပုသ်လ ဘာသာရေးအစီအစဉ်တွေအတွက် ဒီလဆန်းပိုင်းမှာ သုံးခဲ့တယ် လို့ နိုင်ငံတကာ သတင်းများမှာ ရေးထားပါတယ်။

ဓာတ်ပုံ - http://www.thisfabtrek.com
ဒီရှေးဟောင်းဘုရားကျောင်းကို ဗလီအဖြစ် အသွင်ပြောင်းခြင်းဟာ ဒါ... ဒုတိယမြောက် အစီအစဉ်ပါ။

ဒီမြို့ကို အော်တိုမန်အင်ပါယာ သိမ်ပြီးနောက်မှာ ဒီကျောင်းက ဗလီ အဖြစ် အသွင်ပြောင်း အသုံးပြုခဲ့တာ နှစ်ပေါင်း ၄၀၀ ၀န်းကျင် ရှိတယ်၊ ၁၉၆၄ မှာ ပြတိုက် အဖြစ် အသွင်ပြောင်းပါတယ်။
အခုတော့ ဗလီ ပြန်ဖြစ်တော့မယ့်သဘောပါ။

အီကော်နောမစ် အွန်လိုင်းမှာတော့ ...
ဒီလို အသွင်ပြောင်းမှုကြောင့် ခရစ်ယာန်တို့ရဲ့ အတိတ်သမိုင်းကြောင်းကို ဖျက်လိုဖျက်ဆီးလုပ်တာပဲ ဆိုတဲ့ ဒေသခံ သမိုင်းဆရာတယောက်ရဲ့
အပြောကို ကိုးကား ရေးထားပါတယ်။
 Trabzon မြို့မှာ ဗလီတွေ အလုံအလောက် ရှိတယ်၊ အဲဒီထဲက တ၀က်လောက်မှာ လူရှိတာ မဟုတ်ဘူး။ ဘာအတွက် ဗလီ လိုနေတာလဲ လို့ သူက ဆက်ပြောပါတယ်။

ဗလီအဖြစ် အသွင်ပြောင်းခြင်းကို ဥပဒေကြောင်းအရ ဟန့်တားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။



.

1 comments :

  1. Anonymous said... :

    This is not the first time Muslims have turned the places of worship of other religions into mosque and it won't be the last. It started with Kaaba, towards which every Muslims direct their prayers and pay visit during Hajj, used to be a Pagan temple with full of idols. Muhammad destroyed the idols and turned into a mosque. Throughout history hundreds of churches, Buddhist and Hindu temples and Jewish synagogues have faced the similar fate. It just shows that Islam is a religion of intolerance and this is one of the destinies that will befall on every nation when Muslims become majority. If you want to know more about these cases, look for the wiki article titled “conversion of non-Muslim places of worship into mosques”.
    Sandra Lin

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved