ပြည့်တန်ဆာမှုအတွက် အသွင်ယူခြင်း

Wednesday, July 31, 2013

ပြည့်တန်ဆာလို့ ယူဆရသူကို ဖမ်းဆီးဖို့ဆိုရင် ရဲတွေက အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံတွေ သုံးလေ့ရှိပါတယ် တဲ့။

အဖမ်းအဆီးသတင်းတွေကို ကြိုတင်မှတ်သားထားတဲ့ ငွေစက္ကူ ဘယ်လောက်နဲ့အတူ ဖမ်းမိတယ် ဆိုပြီး ဖတ်ကြရမှာပါ။


အမှတ်အသားလုပ်ထားတဲ့ ဒီပိုက်ဆံတွေက ပြည့်တန်ဆာလို့ ယူဆရသူကို တရားရုံးတင် စစ်ဆေးရာမှာလည်း သုံးကြဖွယ်ရှိပါတယ်။

ဒီထက်သင့်တော်တဲ့သက်သေ ဘယ်မှာရှိတော့မှာလဲလို့ ဆိုတဲ့သူ ရှိသလို ဒီလို ဖန်တီးတဲ့လုပ်ရပ်ကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။

ဒါဟာ  ပြည့်တန်ဆာကို ငွေပေးပြီး ငှားရမ်းရာရောက်တဲ့အတွက် ဥပဒေချိုးဖောက်ရာ မရောက်ဘူးလားလို့ ဝေဖန်တာကိုလည်း ကြားဖူးကြမှာပါ။

ဘယ်လိုပဲ ကန့်ကွက်သည်ဖြစ်စေ ဝေဖန်သည်ဖြစ်စေ ... အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံနဲ့ ထောင်ချောက်ဆင်လေ့ရှိတာ အခုချိန်အထိတော့ ထုံးစံပါပဲ။
ထောင်ချောက်ဆင်သူက ပြည့်တန်ဆာနဲ့ဆက်ဆံသူအဖြစ် အသွင်ယူရပါလိမ့်မယ်။

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အလုပ်အကိုင်ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်နဲ့ ပတ်သက်ပြီး ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်က မြန်မာပြည်မှာ အသံတော့ ထွက်နေပါပြီ။

ပြည့်တန်ဆာအလုပ် ဆိုတာကလည်း ကမ္ဘာတည်သရွေ့ တည်ရှိသွားမယ့်အလုပ်အကိုင် ဖြစ်မှာကတော့ အသေအချာပါပဲ။

ဒီလို အသက်မွေးဝမ်းကျောင်းပြုရာမှာ ကြုံရတတ်တဲ့ ထောင်ချောက်ဆင်မှုနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ နေမျိုးအေးရဲ့ လက်ရာကို ဧရာဝတီဘလော့ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


ဆက်စပ် -

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို

http://burma.irrawaddy.org/archives/45369

Group Calls for Overhaul of Repressive, Antiquated Prostitution Law

http://www.irrawaddy.org/archives/41020



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved