ဝန်ကြီးဌာနတခု အမည်ပြောင်း

Thursday, July 11, 2013

မြန်မာအစိုးရက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ဘဏ္ဍာရေး ၀န်ကြီးဌာနအဖြစ် ဇူလိုင်လ ၁၀ ရက်နေ့စွဲ နဲ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမည်ပြောင်းလဲမှု အမိန့် တခု ထုတ်ပြန်ပါတယ်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်တွင် ရှိခဲ့သော ရန်ကုန်မြို့  အကောက်ခွန် ဦးစီးဌာန ရုံးချုပ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

အခွန်ကိစ္စဆိုင်ရာတွေအတွက် သီးသန့် ၀န်ကြီးဌာန အသစ်ဖွင့်ဖို့ ကိစ္စ မစီအစဉ် မရှိတဲ့ပုံပါဘဲ။ ဘဏ္ဍာရေး ၀န်ကြီးဌာနကပဲ အဆိုပါ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်မယ့် သတင်းတွေလည်း ထွက်ခဲ့ပါတယ်။


အခုလို ၀န်ကြီးဌာန အမည်ပြောင်းလဲလိုက်တာကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးကနေ သဘောတူလိုက်လို့ အခုလို သမ္မတက လက်မှတ်ရေးထိုးပြီး အမည်ပြောင်းလဲမိန့် ထွက်ပေါ်လာတာပါ။ နိုင်ငံပိုင် သတင်းစာတွေမှာ ယနေ့ ဖော်ပြထားကြပါတယ်။

ဝန်ကြီးဌာန အမည်ကိုသာ ပြောင်းလဲလိုက်တာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး အစိုးရရဲ့ ပြောင်းလဲမှု အစိပ်အပိုင်း တခုလည်းဖြစ်မှာပါ။



အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    Nothing new...same old policy and same old staff.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved