အခွင့်အလမ်းများ၊ မသေချာမှုများနဲ့ မြန်မာ

Saturday, July 6, 2013

လာမယ့် ၂၀၃၀ ခုနှစ်ကျရင် မြန်မာ့စီးပွားရေးဟာ အမေရိကန် ဒေါ်လာ ၃၀၀ ဘီလျံရှိလာနိုင်ပေမယ့် လမ်း၊ တံတား၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေး စတဲ့ အဓိကကျတဲ့ အခြေခံ အဆောက်အဦပိုင်းတွေမှာ လိုအပ်နေဆဲပါ။ 

 လယ်ထွန်နေတဲ့ မြန်မာလယ်သမားတဦး၊ ဓာတ်ပုံ- ဧရာဝတီ 

မြန်မာနိုင်ငံကို Burma လို့ ခေါ်ရတာကို ပိုသဘောကျတယ်ပဲထားတော့ အမေရိကန် သမ္မတ အိုဘားမား 
မြန်မာပြည် လာ တုန်းက ရန်ကုန်ကို မြို့တော်အဖြစ်အသိအမှတ်ပြုပြီး နိုင်ငံအမည်ကိုလည်း Burma လို့
ရော Myanmar လို့ပါ ခေါ်ဝေါ် သုံးနှုန်းလိုက်တာက မသေချာမှုတွေဟာ အစပြုတယ်လို့ Building.co.uk အွန်လိုင်း သတင်းတပုဒ်က ရေးပြထားပါတယ်။ 

လူဦးရေ သန်း ၆၀ ရှိတဲ့ နိုင်ငံတနိုင်ငံကတော့ တချိန်က စီးပွားရေး၊ နိုင်ငံရေး ပိတ်လှောင်ခံထားရ၊ အထီးကျန်ဖြစ်ခဲ့ရတဲ့ အခြေအနေကနေ ပေါ်ထွန်းစပြုလာပါပြီ။ 

အကြီးအကျယ်လိုအပ်ချက်တွေ ရှိနေသေးသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက်လည်း အကြီး အကျယ်ဖြစ်နိုင်ခြေတွေ ရှိပြီး နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ပြည့်နှက်နေပါတယ်။ 

မက္ကင်ဆီ အစီရင်ခံစာကတော့ မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၃၀ ကျရင် အမေရိကန် ဒေါ်လာ ဘီလျံ ၃၀၀ ထက်ပိုနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ အခြေခံ အဆောက်အဦ ဖြစ်တဲ့ လျှပ်စစ်မီး၊ ရေ၊ ပို့ဆောင် ဆက်သွယ်ရေးစာတွေဟာ အဆင့်တိုင်းမှာ အခွင့်အလမ်းဆိုင်ရာ အထောက်အပံ့ပေးမှုတွေစသဖြင့်တွေ ကတော့ ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေပါတယ်တဲ့။ 

ဒါဆိုရင် ယူကေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မြန်မာပြည်မှာ စီးပွားရေး လုပ်ရမှာ ဘယ်လောက်ခက် လိုက် မလဲတဲ့။ 

စီးပွားရေး 

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အတွင်းမှာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း နည်းနည်းလေးက ပဲ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေကြတာပါ။ 

ကမ္ဘာဘဏ်ကလည်း စီးပွားရေးလုပ်ရာမှာ အားပျော့ချက်တွေ ရှိတယ်ဆိုတော့ အဆင့်တခုလည်း မသတ် မှတ် ပေးထားဘူး။ စီးပွားရေးဒဏ်ခတ်မှုတွေကလည်း ရှိနေခဲ့တယ်။ 

ဒါပေမယ့် အရင် အစိုးရ ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးသိန်းစိန် က ၂၀၁၁ ခုနှစ် မတ်လမှာတော့ သမ္မတ ဖြစ် လာခဲ့ပြီး မြန်မာနိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ စလုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီး သူကလည်း အမေရိကန်နဲ့ အခြားနိုင်ငံတွေကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု တွေ 
ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့တယ်။ 

နိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေထဲမှာ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ရိုက်ချိုးတာ ပါသလို အဓိက ကျတဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်း အစီအစဉ်တွေပါတယ်။  ငွေလဲနှုန်းဖောင်းပွနေတာကို ကုစား ဖို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ IMF နဲ့ အတူ တွဲလုပ်နေတာလည်း ပါဝင်တယ်။ 

ဒါပေမယ့် အဓိက စိန်ခေါ်မှုကြီးတွေကတော့ အခုထိ ကျန်နေသေးတယ်။ ဘဏ်စနစ်ကလည်း အခုထိ 
နောက်ဆုံးပေါ် အဆင့်မီနည်းစနစ်တွေကို အသုံးမပြုနိုင်သေးသလို အခြေခံအဆောက်အဦတွေနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကိုလည်း အခုမှ တိုးတက်အောင်လုပ်နေဆဲပဲ၊ ပြီးတော့ စတော့အိပ်ချိန်းကို လည်းအခုမှ အစပျိုးမလို့ လုပ်တုန်း။ 

ဥပဒေ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေကို ပိုပြီး မက်လုံးပေးဖို့အတွက် ၂၀၁၂ ခုနှစ်က ပြန်လည် ရေးဆွဲခဲ့ပါတယ်။ 

ဒါကတော့ ရင်းနှီးမြှုပ်နှံမှုအတွက် လမ်းပြမြေပုံတခုအဖြစ် အထောက်အပံတော့ ဖြစ်တယ်။ ဥပမာအားဖြင့် ဒီဥပဒေအရ မှတ်ပုံတင်ထုတ်ပေးရာမှာ အမြန်လမ်း၊ တံတား၊ ဂေါက်ကွင်းတွေ အပါအ၀င် ဆောက်လုပ်ရေး စတဲ့ အခြေခံ အဆောက် အဦဆိုင်ရာ စီမံကိန်းတွေမှာ ဖက်စပ်လုပ်လို့ရလာတယ်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနေဖို့နဲ့ ရုံးခန်းဖွင့်ဖို့ ရောင်းချ ပေးလာတာတွေကတော့ တိုးတက်မှုပါ။ 

ဒါပေမယ့် ဒီဆောက်လုပ်ရေး ကန်ထရိုက်တိုင်းရဲ့နောက်ကွယ်မှာတော့ တရားဝင် လုံခြံမှုပေးနိုင်တဲ့ အခြေအနေကတော့ လိုအပ်နေဆဲပါ။ 

မြန်မာနိုင်ငံဟာ ရှေ့မျက်နှာစာမှာတော့ ဒီလိုလုပ်ထားတာတွေ ရှိနေပါတယ်။ တရားဝင်လုပ်ထုံး လုပ် နည်း တွေကလည်း ယခင် သမိုင်းတလျှောက် ဥပဒေတွေက အကျိုးသက်ရောက်မှုတွေပေါ်မှာ မူတည်နေ ပါတယ်။ 

ဥပဒေ အများ စုကိုတော့ အင်္ဂလိပ်လို အသိအမှတ်ပြုထားပါတယ်။ တခြားသာမန် ဥပဒေသမားတွေ ကိုလည်း အသိအမှတ်ပြုထားတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်ကတည်းက တော်တော်များများကို တလွဲ အသုံးပြုခဲ့ကြတယ်။ မြန်မာ့နည်း မြန်မာ့ဟန်ကလည်း ရှိ နေသေးတယ်။ ဒါက မျှော်လင့်မထားတဲ့ မသေချာမှုတွေဘဲ။ 

တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေးကလည်း ပြဿနာတခုအဖြစ်လည်း ရှိနေတယ်။ နိုင်ငံခြား ကုမ္ပဏီတော် တော်များများလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ နည်းနည်းတော့ လက်တွန့်နေတာ အထင်အရှားပါ။ 

ဘာကြောင့်လည်း ဆိုတော့ အခြေအတင် ဖြေရှင်းတဲ့ ယန္တရားက အခုထိ မရှိသေးပါဘူး။ တရားစီရင်မှုမှာ လွတ်လပ်မှုက တစိပ်တပိုင်းလောက်ပဲ ရှိနေတာဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်ရင် တရားဥပဒေ စိုးမိုးရေးရဲ့ သက်ရောက်မှုတွေက စိုးရိမ်စရာတွေချည်းပဲ။ ဆိုရှယ်လစ်ခေတ်ကို ကျော်လွှားခဲ့ချိန်က စပြီး ဥပဒေတွေ လုပ် ထုံး လုပ်နည်းတွေကလည်း သိပ်အလေးထား မခံရဘူး။ 

နိုင်ငံခြား ကုမ္ပဏီတွေကလည်း မြန်မာအမျိုးသားပိုင်တွေနဲ့ တွဲပြီး လုပ်ရမယ့် ကန်ထရိုက်ကလည်း မြန်မာ ဥပဒေကိုပဲ အခြေပြုထားပြီး ၁၉၄၄ ခုနှစ် ဥပဒေအောက်မှာ ရှိနေတယ်။ 

ဒီနှစ်မှာတော့ နယူးယောက် ကွန်ဗန်းရှင်းကို မြန်မာက အသိအမှတ်ပြုပြီး လိုက်နာမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အခု ထိတော့ မြန်မာဟာ ICSID ကွန်ဗင်းရှင်းမှာတော့ မပါသေးဘူး။ 

အဂတိလိုက်စားမှု 

အဂတိလိုက်စားမှုကတော့ မြန်မာနိုင်ငံ တနံတလျား နယ်ပယ်တိုင်းမှာ ကျယ်ကျယ်ပြန့်ပြန် ဖြစ်နေတဲ့ ကိစ္စပါ။ အစိုးရကတော့ ဒါကို ပစ်မှတ်ထား ပြီး လျော့ပါးဖို့ အားစိုက်လုပ်နေတယ်။ 

အဂတိလိုက်စားမှုနဲ့ပတ်သက်ရင် အပြည်အပြည်ဆိုင်ရာ အဂတိလိုက်စားမှုဆိုင်ရာ မှတ်တမ်းပြုစုတဲ့ အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်အစီရင်ခံစာမှာတော့ အမြန်မာဟာ ညွှန်းကိန်း အဆင့် ၁၇၂ ရှိပါတယ်။ သူ့နောက်မှာ ၂ ခုပဲ ရှိပါတော့တယ်။ အဂိတိလိုက်စားမှုမှာ ဆူဒန်၊ အာဖဂန် နစ်စတန်၊ မြောက်ကိုရီးယားနဲ့ ဆိုမာလီယာတို့ ကတော့ မြန်မာထက် ပိုဆိုးပါတယ်။ 

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ ဇွန်လ ကြေညာချက်မှာ မြန်မာဟာ နိုင်ငံတကာ စံညွှန်းတွေထဲမှာ အမည်စာရင်း ပါလာပါတယ်။ ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်သမား ငွေကြေးထောက်ပံမှု ဆိုင်ရာ ကိစ္စတွေမှာ လိုအပ်ချက် တွေတော့ ရှိနေပါသေးတယ်။ 

စီးပွားရေး လုပ်မလား 

Burma ပဲ ခေါ်ခေါ် Myanmar ပဲ ခေါ်ခေါ် ဒီနိုင်ငံမှာတော့ အခွင့်အလမ်းတွေ ရှိနေတာလည်း အမှန်ပါဘဲ။ ၂၁ ရာစုနဲ့ အမီ အခြေခံအဆောက်အဦဆိုင်ရာလိုအပ်ချက်တွေရှိနေတဲ့ မြန်မာနိုင်ငံဟာ မသေချာမှုတွေ လည်း ရှိနေတာပါဘဲ။ 

အဂတိလိုက်စားမှုကတော့ အဓိက စိုးရိမ်စရာဖြစ်နေတာ မြန်မာပြည်ပါ။ ဒါပေမယ့် ဟီလာရီကလင်တန် ကတော့ ရင်းနှီးမြှုပ် နှံသူတွေအနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲရဲ့ အကျိုးဆောင်
တွေ ဖြစ်သင့်တယ်လို့ ပြောတယ်။ အခုဆို ကိုကာကိုလာလည်း မြန်မာပြည်မှာ ပုလင်းသွပ်နေပြီ။ 

နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အနေနဲ့ မြန်မာဟာ ပေါ်ထွန်းလာနေပါပြီ။ အခြေအနေတွေက ဒီရေအလား တိုးတက် လာနေတာပါ။ ဒါပေမယ့် သတိလေးနဲ့ လုပ်ကြရမယ် ထင်ပါတယ်။ 


Kevin Owen နဲ့ Ben Thompson တို့ရဲ့ Myanmar (or Burma): The opportunity and the uncertainty ဆောင်းပါးကို ဆီလျော်အောင်  ပြန်လည် ရေးသား တင်ပြလိုက်တာပါ။

မူရင်းဆောင်းပါးကို http://www.building.co.uk/professional/legal/myanmar-%28or-burma%29-the-opportunity-and-the-uncertainty/5057395.article မှာ ဖတ်ရှုနိုင်ပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved