ရာဇာမင်းကား လုယက်၊ လူသတ်မှု ကျူးလွန်ဖွယ်ရှိသူကို ဖမ်းမိ

Wednesday, July 17, 2013

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ရန်ကုန်- မော်လမြိုင်ကားလမ်း၊ သထုံမြို့နယ်တွင်းမှာ ရာဇာမင်း ခရီးသည်တင်ယာဉ်မှာ လုယက်၊ လူသတ်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့သူကို အခုတော့ ဖော်ထုတ်ဖမ်းဆီးရမိလိုက်ပါပြီလို့ အစိုးရသတင်းဌာနက ဆိုပါတယ်။ 

 ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်တွင် ခရီးသည်များနှင့် ဈေးသည်များကိုတွေ့ရစဉ် (ဓာတ်ပုံ – wikipedia)

အဲဒီတုန်းက ရာဇာမင်း ကားပေါ်ပါလာတဲ့ ခရီးသည် ၅ ဦးက သေနတ်အတိုတွေနဲ့ ခရီးသည်တွေဆီ က ရွေ၊ ငွေ လက်ဝတ် လက်စားတွေကို ယူပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။ 

အခုတော့ ဆက်စပ်၊ စုံစမ်း ဖော်ထုတ်မှုတွေအရ လုယက်၊ လူသတ်မှု ဦးဆောင်သူလို့ ဆိုတဲ့ ၀င်းဗိုလ် ဆိုသူ ကို ရဲတပ် ဖွဲ့က ဇူလိုင်လ ၈ ရက်နေ့တွင် မြ၀တီမြို့နယ် အတွင်းမှာ ဖော်ထုတ် ဖမ်းဆီး နိုင်တာဖြစ်တယ် လို့ အစိုးရရဲ့ ပြန်ကြားရေး ၀က်ဆိုက်သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ 

ပြစ်မှု ကျူးလွန်သူလို့ ပြောတဲ့ ၀င်းဗိုလ်ဆိုသူရဲ့ ထွက်ဆိုချက်တွေအရ သူနဲ့ အတူ လုယက်မှု၊ လူသတ်မှုတွေ ကျူးလွန် တယ် ဆိုသူတွေကို ရဲက ဆက်လက်ဖော်ထုတ်ဖမ်းဆီးနေပြီဖြစ်တယ်လို့လည်း ပြန်ကြားရေး ၀က်ဆိုက် က ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း
ရာဇာမင်းကား ဓားပြတိုက်မှု လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆက်စပ်ဟု ဆို

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved