မြောင်းမြမြို့ နဲ့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း

Wednesday, July 24, 2013

  ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း သွန်းမယ်လို့ အင်္ဂါနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ ကြော်ငြာထားပါတယ်။
တယောက်ကို အများဆုံး ကျပ်သုံးသောင်းအထိ လှူဒါန်းနိုင်တယ် လို့ ဆိုပါတယ်။


အလှူရှင်စာရင်းကို မြန်မာ့အလင်း/ကြေးမုံမှာ လစဉ် ကြော်ငြာထည့်သွင်းပါမယ် တဲ့။

ခန့်မှန်းကုန်ကျငွေ - ကုဋေ ၇၀၀ (ကျပ်သိန်းပေါင်း ၇၀,၀၀၀)
အလေးချိန် - ပိဿာ နှစ်သိန်းကျော် 

ကြေးပိဿာ နှစ်သိန်းကျော်  အလေးချိန် ရှိတယ် ဆိုတော့ မင်းကွန်းခေါင်းလောင်းကြီးထက် ၄ ဆ အလေးချိန်ပိုမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝဝ ကတည်းက ပုဇွန်တောင်ချောင်းထဲ ကျသွားတဲ့၊
ကြေးပိဿာ တသိန်းရှစ်သောင်း ရှိတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးထက်လည်း ပိုပြီး ကြီးမားမယ်လို့ ယူဆရပါတယ်။ 

ခေါင်းလောင်းကြီးကို မြောင်းမြမြို့ မြတိဂုံ စေတီ ရင်ပြင်မှာ ပူဇော်မယ်လို့ ဆိုပါတယ်။

ခေါင်းလောင်းတော်ကြီးဖြစ်မြောက်ရေးအဖွဲ့

၀၉ ၅၄၇ ၇၇၂၂
၀၉ ၅၄၀ ၅၃၃၃
၀၉ ၅၄၆ ၆၅၅၅

ငွေစာရင်းအမှတ် SY 11
မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ မြောင်းမြဘဏ်ခွဲ


ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးသတင်းနဲ့ တဆက်တည်း ပြောရမယ် ဆိုရင် ...

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကို မွန်ပြည်နယ်၊ မုဒုံမြို့၊ လက်တက်ကျေးရွာမှာတည်ဆောက်နေတာ ၇၅ ရာခိုင်နှုန်း ပြီးနေပြီ လို့
ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ စာမျက်နှာ ၁၇ မှာ ဖော်ပြထားပါတယ်။

မုဒုံမြို့မှာပဲ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကို ဖူးနိုင်ပါတယ်။

အဲဒီရုပ်ပွားတော်ကြီးအနီးမှာပဲ ကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ္တ ရုပ်ထုတော်ကြီးကို ထုလုပ် ပူဇော်ထားပါတယ်။


ဆက်စပ် -
ရေအောက်ရောက် ခေါင်းလောင်းကြီး
http://blog.irrawaddy.org/2012/03/blog-post_2184.html



.

2 comments :

  1. susan said... :

    brownruby said,,,, ဘုရားကိုနည်:မျိုးစုံနဲ့အမွှန်:တင်ပူဇော်နေမဲ့အစား ဘုရားစကားနားထောင်တာက ကုသိုယ်ရမှာပါ ပြီ:တော့ဘုရားလူကြီ:ဆိုတာကလည်:နာမည်ကမွှေးသနဲ့ပုဇွန်တောင်ချောင်းထဲက ရှေးဟောင်းခေါင်းလောင်းကြီ:သာ သမိုင်းဝင်ဖြစ်ပြီ:ဆယ်ယူဖို့ ကျွမ်:ကျင်တဲ့နိုင်ငံခြားပညာရှင်တွေနဲ့ပူ:ပေါင်းဖို့ နိုင်သလောက်လေ:ကူညီကြဖို့ဘဲလိုအပ်ပါတယ်။ လူအများစုကဆင်းရဲနေချိန်မှာ ဗူ:လေးရာဖရုံဆင့်ဒုက္ခမပေးသင့်ပါဘူ:။ မြို့တိုင်းမှာ ကမာ့္ဘအကြီ:ဆုံး ဆိုပြီးကိုယ့်ဘာသာကိုယ်နာမည်တပ်တဲ့ ဘုရားတွေရှိပြီ: ဘာဆက်လုပ်ကြမှာလဲ။ တိုင်းပြည်ကသူများသနားလို့အကြွေးလျော်ပေးထားတာပူပူနွေ:နွေးဘဲရှိသေးတာနော်။ဦးသိန်:စိန်ရဲ့ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာကော စပြီလား။ ဆေးရုံတွေစာသင်ခန်:တွေကော ။ကျပ်ကုဋေ ၇၀၀ ဟာကိုယ့်ကိုယ်ပိုင်ငွေဆိုရင်တော့ ကိုယ့်စိတ်ကြိုက်လုပ်ပေါ့။မယောင်ရာဆီလူ:မလုပ်သင့်ပါဘူ:။စဉ်:စားကြပါ။

  1. Anonymous said... :

    It is goog thought and Good idea for our poor people.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved