ပလောင်ဒေသ တိုက်ပွဲများ ပြန်စ

Friday, July 26, 2013


တလနီးပါးကြား တိုက်ပွဲတွေရပ်နေရာကနေ အစိုးရတပ်တွေနဲ့ ရှမ်းပြည်နယ်ထဲက သူပုန်အဖွဲ့တပ်ပေါင်းစုတို့ ပြန်တိုက်နေကြပြီ လို့ သိရပါတယ်။
  ရှေ့တန်းစခန်းတခုမှာ တွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင် တဦး (ဓာတ်ပုံများ – ကျော်ခ / ဧရာဝတီ)
မနေ့ညနေပိုင်းက TNLA ပလောင်အဖွဲ့ရဲ့ စခန်းတခုမှာ တိုက်ပွဲဖြစ်တယ်၊ ပြီးခဲ့တဲ့ ၂ ရက်ကလည်း  ပလောင်အဖွဲ့နဲ့ KIA တို့ ပူးပေါင်းအဖွဲ့က အစိုးရတပ်ရင်း အမှတ် ၅၀၆ နဲ့ တိုက်ကြတယ်လို့ ဆိုပါတယ်။

ဒီအကြောင်း
TNLA အကြီးအကဲနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ဧရာဝတီသတင်းထောက် ငြိမ်းငြိမ်းက သတင်းပေးပို့ထားတာ www.irrawaddy.org/archives/40796  မှာ ဖတ်နိုင်ပါတယ်။

TNLA  ဆိုတာ
တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ အတိုကောက်အမည်ပါ။
တအာင်း  ဆိုတာ တအန်းဆိုတဲ့ အသံထွက်နဲ့ နီးစပ်ပါတယ်။ ပလောင်တိုင်းရင်းသားတို့က သူတို့ကိုယ်သူတို့ တအာင်း လို့ ရေးသား ခေါ်ဝေါ်ကြပါတယ်။



ဆက်စပ်
-
“TNLA ကို မိုးကုန်ရင် စစ်ထိုးတော့မလား”
http://burma.irrawaddy.org/archives/44772



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved