မန္တလေးအဖမ်းအဆီးအကြောင်း လိင်တူချစ်သူများ ဖွင့်ချမယ်

Saturday, July 13, 2013

 မကြာသေးခင်က မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးမှုတခုမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ "အခွင့်အာဏာထက်ကျော်လွန်ပြီး လိင်တူချစ်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့"တယ်လို့  မြန်မာလိင်တူချစ်သူများအခွင့်အရေးဆိုင်ရာကွန်ယက်က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ လိင်တူချစ်သူများပွဲတခု မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မန္တလေး  အဖမ်းအဆီး သတင်းကို http://burma.irrawaddy.org/archives/44117 မှာ ဖတ်နိုင်ပါတယ်။
အဖမ်းအဆီးနဲ့ ပတ်သက်ပြီး  သတင်းစာရှင်းလင်းပွဲလုပ်မှာ ဖြစ်တဲ့အတွက် တက်ရောက်ပေးကြဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ကြားထားပါတယ်။

အစီအစဉ်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

 နေ့ရက် -        ဇူလိုင်လ (၁၄) ရက် (တနင်္ဂနွေနေ့)
အချိန် -        နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီ
 နေရာ -          88 Café၊ ၇၄လမ်း၊ ၃၆x၃၇လမ်း

"အသေးစိတ်သိရှိလိုပါက ရှင်းသန့် (09-402-602-911) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်" လို့ ဖိတ်စာမှာ ရေးထားပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved