ရှစ်လေးလုံး ငွေရတု အနုပညာပြပွဲနဲ့ အန်ကျလာတဲ့ စကားလုံး၊ ပြကွက်တချို့

Wednesday, July 24, 2013

ကမ္ဘာတလွှားတွင် လူသိများသော ရွှေဝါရောင်တော်လှန်ရေး ကိုဖြစ်ပေါ်လာစေခဲ့သည့် ၁၉၈၈ ခုနှစ် အရေးအခင်းသည် မြန်မာနိုင်ငံတွင် အစဉ်အဆက် ထင်ရှားသည့်အရာတွေထဲက တခုဖြစ်ခဲ့သည်။ 

Photos: Steve Tickner/ Irrawaddy

၎င်း ၈၈ အရေးအခင်းနှင့် ပတ်သက်သော အမှတ်တရများသည် အထိမ်းအမှတ် အဖြစ်ပြုလုပ်ကျင်းပသည့် ကြီးကျယ်သော အနုပညာပြပွဲတခုတွင် ပြန်လည် ပေါ်ထွက် လာခဲ့ရသည်။ 

ရန်ကုန်တက္ကသိုလ်အနီး ပြည်လမ်းပေါ်ရှိ ယုဒဿန်ခန်းမတွင် ယခုနှစ်တွင် ကျရောက်သည့် ၈၈ အရေး အခင်း ရွှေရတု အထိမ်းအမှတ်အဖြစ် အနုပညာပြပွဲတခု ကျင်းပနေသည်။ 

မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ခွင့် ဖွံ့ဖြိုးလာသည် နှင့်ထပ်တူ ဟိုအရင်ကာလများက မမြင်ခဲ့ရ သည့် ပန်းချီ၊ ကဗျာ၊ စာပေ နှင့် ကာတွန်း စသည့် အနုပညာလက်ရာများကို နိုင်ငံရေး အကျဉ်းသားဟောင်း များက ယခုပြပွဲတွင်ပြသခဲ့ကြသည်။ 

အဆိုပါ လက်ရာများကို ၎င်းတို့ အကျဉ်းထောင်အတွင်းတွင် ရှိနေစဉ် နှင့် ပြန်လည် လွတ်မြောက်လာပြီး
နောက် တွင် ဖန်တီး ခဲ့ကြခြင်း ဖြစ်သည်။ 

ဖော်ပြထားသည့် အနုပညာလက်ရာများ၏ အရည်အသွေး၊ နက်နဲမှုနှင့် အသုံးပြုထားသော ပစ္စည်းများသည် ယခုအခါတွင် မြန်မာပြည်သူတို့ ရုန်းကန်ရင်ဆိုင်ခဲ့ရသော နိုင်ငံရေး၊ အတွေးအမြင်နှင့် အနုပညာလွတ်လပ် ခွင့် စသည်တို့ကို ကျယ်ကျယ် ပြန့်ပြန့် ထင်ဟပ်ပြနိုင်သော လက်ရွေးစင် အနုပညာဖန်တီးမှု များအဖြစ် သို့ ပြောင်းလဲသွားခဲ့လေပြီ။ 

ပြပွဲကို တက်ရောက်လာသော နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သည့် မင်းကိုနိုင်က “လွန်ခဲ့တဲ့ ၂၅ နှစ်လုံး လုံး စစ် အစိုးရက ကျနော်တို့ရဲ့ အကြောင်းတွေကို လှည့်ဖျားဖုံးကွယ်ထားခဲ့တယ်။ ဒါပေမယ့် အခုအချိန် မှာတော့ ပြည်သူတွေ ဒီလို အခက်အခဲတွေ ကနေလွတ်မြောက်လာပြီးတော့ နောက်မျိုးဆက်တွေကိုလည်း ဒီအကြောင်းတွေ ပြန်လည် သင်ကြား ပေးနိုင်တော့မှာပါ” ဟုပြောသည်။ 

အခြားသော နိုင်ငံရေးအကျဉ်းသားများလိုပင် မင်းကိုနိုင် သည် ထောင်တွင်းတွင် ပန်းချီရေးဆွဲခြင်း နှင့် အချိန်ဖြုန်းခဲ့ ရသည်။ “မျက်ရည်စက်” အမည်ရသည့် သူ၏ ပန်းချီကားကို ယခုပြပွဲတွင် ပါဝင်ပြသထား သည်။ 

ယခုပြပွဲတွင်ပြသထားသော ပန်းချီကားများ အနက် နိုင်ငံရေး အကျဉ်းသားသောင်း တယောက်ဖြစ်သော ရာဟုလာ က တော်လှန်ရေးလှုပ်ရှားမှုကို စိတ္တဇနည်းဖြင့် သရုပ်ဖော် ရေးဆွဲထားသည့် ပန်းချီကားကို သူ နက်ရှိုင်းစွာခံစားရသည်ဟု မင်းကိုနိုင်က ဆိုသည်။ 

“ရာဟုလာ ဟာ ၁၉၇၀ နှောင်းပိုင်းကာလတွေမှာ ကိုကိုကျွန်း အကျဉ်းစခန်းကို အပို့ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲက တယောက် ဖြစ်ပါတယ်။ အဲဒီမှာ အခြေအနေသိပ်ဆိုးတဲ့ အတွက် အကျဉ်းသားတွေ က သူတို့ကို အာဏာပိုင်တွေက ရန်ကုန်မှာ ရှိတဲ့ အင်းစိန် အကျဉ်းထောင်ကို ပြန်ပို့ပေးဖို့ အစာငတ်ခံ တိုက်ပွဲဝင်တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံး ရလဒ် ကတော့ အကျဉ်းသား ၁၀ ယောက်ကျော် သေသွားခဲ့ ပါ တယ်။ အဲဒီ အချိန်တုန်းက ရာဟုဟာ အသက်မသေဘဲ ကျန်ရစ်ခဲ့ပြီး လွန်ခဲ့တဲ့ တနှစ်ကမှ ကွယ်လွန် သွားခဲ့ပါတယ်။” 
















Steve Tickner ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved