ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကိစ္စ နောက်ဆက်တွဲများ

Tuesday, July 23, 2013

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ရေနံချောင်းမြို့ အထက ၁ က ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူ စာအုပ်ကို သဘောတူညီမှု မရှိပဲ ယူဆောင်သွားတဲ့အပေါ် နာမည်ကြီး ဆရာတော် အရှင် ဆန္ဒာဓိက ( ရွှေပါရမီတောရ ဆရာတော်ကလည်း ပြန်လည်ပေးအပ်ဖို့ မိန့်ကြားပါတယ်။ 



ရေနံချောင်း အ.ထ.က - ၁ ဆိုတာ အမျိုးသား ခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း အထက်တန်း ကျောင်းသားဘ၀ ပညာရည်စို့ခဲ့တာဖြစ်သလို ရေနံချောင်းသား ဆရာတော် အရှင်ဆန္ဒာဓိကလည်း အထက်တန်း အောင်မြင်ခံရာ ကျောင်းလည်းဖြစ်ပါတယ်။ 

ဧရာဝတီက ဇူလိုင်လ ၂၀ ရက်နေ့က ရေနံချောင်းက ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ်ပြန်ပေးပါ ဆိုတဲ့ ပို့စ်ကို တင်ခဲ့တာ ဧရာဝတီ ပရိသတ်မှတ်မိကြမယ် ထင်ပါတယ်။ 

အခု ရေနံချောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူထွန်းဆိုသူကလည်း ဗိုလ်ချုပ်လက်ရေးမူ စာအုပ် ကို သူ ပေးလိုက်တာ မဟုတ်ကြောင်း ပြောဆိုထားပါသေးတယ်။ ရေနံချောင်းမြို့နယ်ကတော့ ဒီသမိုင်းဝင် စာအုပ်အတွက် အသံတွေဆူညံနေပါပြီ။  ကျောင်းအုပ်ဆရာမကြီး၊ မြို့နယ်ပညာရေးမှူး တို့က ဘာတွေပြောထားလဲ ဆိုတာ အောက်က ရုပ်/သံမှာ ကြည့်နိုင်ပါပြီ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved